၃၀

579 27 0
                                    

<Unicode>

※တကယ်တမ်းတော့...※
အပိုင်း (၃၀)

"ဒေါ်ဒေါ်...ဖြည်းဖြည်းမှ ထလေ"

"ရပါတယ်။ ဖြစ်နိုင်ရင် အခုချက်ချင်း လမ်းထလျှောက်ချင်တာ"

အိပ်ရာထဲမှာတင် ဆက်ခနဲ ငေါက်ခနဲ ထထိုင်တတ်တဲ့ ဒေါ်သံသာဟာ ရက်ပိုင်းအတွင်းမှာ ပြန်လည်ကျန်းမာအားပြည့်လာသည်။ စေတနာပရဟိတအဖွဲ့သားတွေရဲ့ စေတနာကောင်းပုံကို ဒေါ်သံသာရဲ့ကျန်းမာရေးအခြေအနေက သက်သေပြနေသည်လေ။

"မပု..."

"ဩော်...အိမ့်..လာ"

"ဟုတ်..."

အိမ့် မပုအနားဝင်ထိုင်ရင်း ကုတင်ပေါ်မှာထိုင်နေတဲ့ ဒေါ်သံသာကို ပြုံးပြလိုက်သည်။

"အိမ့်ရောက်ပြီဆိုတော့ မပု အိမ်ခဏပြန်ဦးမယ်။ အကြီးကောင်ကြီးအတွက် ထမင်းချိုင့်လုပ်ပေးရမှာမို့"

"ဟုတ်။ ပြန်လေ။ ကျွန်မ ဆက်နေပေးထားလိုက်မယ်"

"အင်း။ ဒေါ်ဒေါ်...ကျွန်မ ပြန်လိုက်ဦးမယ်"

"ကောင်းပါပြီ...ဒေါ်ဒေါ့်ကို ခုလိုကူညီစောင့်ရှောက်ပေးလို့ အားလုံးကို ကျေးဇူးတင်ပါတယ်ကွယ်"

"ရပါတယ် ဒေါ်ဒေါ်ရယ်...ဒါဆို ကျွန်မပြန်ပြီနော်"

"အေးကွယ်..."

မပုပြန်သွားတော့ အိမ့် ဒေါ်သံသာ့အနားကပ်ပြီး သိချင်တာများကို ဖွင့်ဟတော့သည်။ ဒေါ်သံသာ့အခြေအနေက ကောင်းကောင်းစကားပြောနိုင်နေပြီဆိုတော့ မေးပြီလေ။

"ဒေါ်ဒေါ်...ကျွန်မ ဒေါ်ဒေါ်နဲ့ပတ်သက်ပြီး သိချင်တာလေးတွေရှိတယ်။ အဲ့ဒါ ဖြေပေးနိုင်မလားမသိဘူး"

ဒေါ်သံသာ ဒီမိန်းကလေးကို မှတ်မိသည်။ မာန်ထင့်ရဲ့ဓာတ်ပုံကို ပြခဲ့တဲ့ ကောင်မလေး။

"မေးပါ။ ဒေါ်ဒေါ်တတ်နိုင်သလောက် ဖြေပေးပါ့မယ်"

"ဒေါ်ဒေါ်နဲ့ ဦးမာန်ထင်က ဘယ်လိုပတ်သက်တာလဲဟင်"

တစ်ခွန်းတည်းနဲ့ အပြတ်မေးလိုက်တဲ့ အိမ့်မေးခွန်းကြောင့် ဒေါ်သံသာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိသည်။

တကယ်တမ်းတော့... (ခိုနားရာ - ၂)/တကယ်တမ်းတော့... (ခိုနားရာ -Where stories live. Discover now