<Unicode>
※တကယ်တမ်းတော့...※
အပိုင်း (၄)❝သူဌေး...သူက ကျွန်တော့်သူငယ်ချင်းပါ။ သူ့အတွက် အလုပ်တစ်နေရာလောက် လိုချင်လို့ပါ❞
နိုင်းစကားကြောင့် သူဌေးဆိုသူက နေသစ်ကို သေချာအကဲခတ်လိုက်သည်။ ၆ ပေကို လက်မအနည်းငယ်စွန်းနေသော အရပ်အမောင်းနဲ့ တောင့်တင်းကျစ်လျစ်တဲ့ ကိုယ်ခန္ဓာကြောင့် သဘောကျစွာ ပြုံးလိုက်ရင်း
❝မင်း ရန်ဖြစ်ဖူးလား❞
❝ဗျာ!!❞
သူဌေးစကားကြောင့် နေသစ်ရော နိုင်းပါ ဗျာလိုက်မိကြသည်။
❝မနေ့ကပဲ ဆိုင်ရဲ့ လုံခြုံရေးဝန်ထမ်းတစ်ယောက် အလုပ်ထွက်သွားလို့ လူသစ်ရှာနေတာ။ မင်းပုံစံနဲ့ဆို ခန့်လို့အဆင်ပြေပေမယ့် ဒီအလုပ်က တိုက်ရည်ခိုက်ရည်ရှိမှလည်း ခန့်လို့ရမှာလေ။ အဲ့ဒါကြောင့် မေးကြည့်တာ❞
❝လုံခြုံရေးအလုပ်ဆိုရင်တော့ လုပ်နိုင်ပါတယ်။ လူရိုက်ပေးတဲ့ ကြေးစားအလုပ်ဆိုရင်တော့ လက်မခံနိုင်ပါဘူး❞
❝ဟားဟား...ကြိုက်တယ်ကွာ။ ကဲ...နိုင်း...မင်း သူ့ကိုပါ တစ်ခါတည်းခေါ်သွားလိုက်။ သူ့ကို ကျားကြီးနဲ့ တွေ့ပေးလိုက်။ ကျန်တာ ကျားကြီး ဆက်လုပ်လိမ့်မယ်❞
❝ဟုတ်ကဲ့။ နေသစ်...လာ❞
နေသစ်လည်း နိုင်းခေါ်ရာနောက်ကို ပါသွားရတော့သည်။ နိုင်းက သူ့ကို ဆိုင်ရဲ့အတွင်းကျကျအခန်းတစ်ခုသို့ ခေါ်သွားသည်။ အခန်းတံခါးကို ၃ ချက်ဆက်တိုက်ခေါက်လိုက်တော့ အထဲမှလူတစ်ယောက်က တံခါးလာဖွင့်ပေးသည်။
❝သူဌေးက ကိုကျားကြီးဆီ လွှတ်လိုက်လို့ပါ။ သူက ထွက်သွားတဲ့တစ်ယောက်နေရာမှာ အစားဝင်တဲ့သူပါ❞
ထိုလူက ခေါင်းညိမ့်ပြတော့ နိုင်းက နေသစ်ကို အထဲဝင်သွားဖို့ အချက်ပြလိုက်သည်။
❝ငါသွားတော့မယ်နော်❞
❝အင်း❞
နိုင်းထွက်သွားမှ သူလည်း အခန်းထဲသို့ ဆက်ဝင်လာခဲ့လိုက်သည်။ အခန်းထဲမှာ ခုနက တံခါးလာဖွင့်ပေးတဲ့သူအပါအဝင် သူရောဆို အားလုံးပေါင်း ၆ ယောက်။ bar အသေးစားလေးတစ်ခုမှာ ဘာလို့ လုံခြုံရေးဝန်ထမ်းက ၆ ယောက်တောင်လဲ။ ဘာပဲဖြစ်ဖြစ် ငွေကြေးအကုန်အကျခံနိုင်လို့ ခန့်ထားတာပဲလေ။ သူ အဓိကတွေးရမှာက ဒီအလုပ်နဲ့ ငွေရှာနိုင်ဖို့သာ။
![](https://img.wattpad.com/cover/177326865-288-k738.jpg)
YOU ARE READING
RomanceThe 6th series Love may be painful when one is lain by her lover.