၂၃

436 23 0
                                    

<Unicode>

※တကယ်တမ်းတော့...※
အပိုင်း (၂၃)

❝ကားထဲဝင်နေပါ❞

ပြောတာကတော့ အိမ့်ကိုပဲ။ ဒါပေမယ့် နေသစ်ရဲ့မျက်လုံးတွေကတော့ ရှိန်းဆီမှာ ရှိနေဆဲ။ ရှိန်းကလည်း နေသစ်ကို တအံ့တဩ စိုက်ကြည့်နေလေသည်။ သူတို့ ၂ ယောက်က သိနေကြတာလား။

❝အိမ့်...❞

ရှိန်းဘက်ကပြောလာတဲ့စကားတွေကို နားမထောင်ချင်တော့တာကြောင့် အိမ့် သူ့လက်ကို ဆက်ခနဲ ခါထုတ်ပြီး ရုန်းထွက်လာခဲ့လိုက်သည်။ ကားထဲကို ဝင်လာခဲ့ပေမယ့် နေသစ်ကတော့ လိုက်မလာ။

❝စကားပြောကြမလား❞

ဒီတစ်ခါဖိတ်ခေါ်လိုက်သူက နေသစ်။ ရှိန်းကတော့ နေသစ်လက်ကို ခါချပြီး ကားထဲမှ ချစ်ဦးသူကို ငေးကြည့်နေသည်။ အိမ့်ကတော့ နားကြပ်တပ်ကာ မျက်လုံးကို စုံမှိတ်ထားလေရဲ့။

❝စုအိမ့်စံနဲ့ ခင်ဗျားက...❞

❝မင်းသိဖို့ မလိုပါဘူး❞

❝လိုတယ်လို့လည်း မထင်ပါဘူး။ ခင်ဗျားနဲ့သူ ဘယ်လိုပတ်သက်ခဲ့လဲဆိုတာ ကျုပ် စိတ်မဝင်စားဘူး။ ဒါပေမယ့် သူ ခင်ဗျားအပေါ် ဘယ်လိုသဘောထားသေးလဲဆိုတာတော့ စိတ်ဝင်စားတယ်❞

❝မင်းနဲ့သူက ဘာတွေလဲ❞

ရှိန်းအမေးကို နေသစ် ပုခုံးတွန့်ပြလိုက်ရင်း

❝ဒါကို ခင်ဗျားသိဖို့ မလိုပါဘူး။ ဘယ်လိုလဲ။ အပယ်ခံဖြစ်သွားရတဲ့ ခံစားချက်လေး။ တစ်ချိန်က ခင်ဗျားကြောင့် ကျုပ်ရခဲ့တဲ့ ခံစားမှုမျိုးလေ❞

❝နေသစ်...မင်း ငါ့ကို မုန်းနေတုန်းပဲလား❞

❝မုန်းတာထက် ပိုဆိုးတယ် ရှိန်းကျော်စွာ။ ခင်ဗျားကြောင့် မာမီ့အမြင်မှာ ကျုပ်က သုံးစားမရတဲ့ ခပ်ညံ့ညံ့သားတစ်ယောက် ဖြစ်ခဲ့ရတာ❞

❝မင်း အထင်တွေလွဲနေပြီ❞

❝တစ်ပေါက်တည်းက ထွက်လာတဲ့ သားအချင်းချင်း ခွဲခြားဆက်ဆံခံရတာ ဘယ်လောက်ခံရခက်လဲ ခင်ဗျားသိလား❞

ရင်ထဲက ဒဏ်ရာဟောင်းက အသစ်ပြန်ဖြစ်လာတော့ နာကြည်းစွာ အော်လိုက်မိသည်။ ရှိန်းကတော့ သူ့စကားတွေကို ခေါင်းတရမ်းရမ်းဖြင့်သာ ငြင်းဆိုနေလေသည်။

တကယ်တမ်းတော့... (ခိုနားရာ - ၂)/တကယ်တမ်းတော့... (ခိုနားရာ -Where stories live. Discover now