၁၀

563 19 0
                                    

<Unicode>

※တကယ်တမ်းတော့...※
အပိုင်း (၁၀)

❝အိမ့်...ဘာဖြစ်လာတာလဲ❞

အိမ်ထဲကို အပြေးတစ်ပိုင်းဝင်လာတဲ့ အိမ့်ရဲ့ မျက်နှာအနေအထားက အတော်ပျက်ယွင်းနေတာမို့ ဝင်းမောင် စိုးရိမ်စွာ မေးလိုက်မိသည်။ သို့သော် အိမ့်က သူမေးတာကို မဖြေဘဲ အပေါ်ထပ်သို့ ပြေးတက်သွားတော့သည်။

❝သား...ခဏနေမှ လိုက်သွားပြီး အကျိုးအကြောင်း မေးကြည့်။ ခုတော့ လွှတ်ထားပေးလိုက်ဦး❞

ဝင်းမောင်က လိုက်သွားဖို့ ပြင်လိုက်ပေမယ့် မေမေနဲ့အတူ ထိုင်ရင်း သတင်းစာဖတ်နေတဲ့ ဖေဖေက တားလိုက်တော့ လိုက်မသွားဖြစ်တော့။ ဖေဖေပြောသလို အချိန်ပေးလိုက်တာ ကောင်းပါတယ်လေ။

ဘာကြောင့်လဲဆိုတာ သေချာမသိပေမယ့် အိမ့် ခုလိုဖြစ်နေတဲ့ပုံစံကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့တာကြောင့် သူ အတော်လေး စိုးရိမ်နေမိသည်။

-

❝နေသစ်!!!❞

နိုင်းမှာ နေသစ်အတွက် စိုးရိမ်သွားပြီး နေသစ်နောက်နားကနေ ချောင်းတိုက်ဖို့ ကြိုးစားနေတဲ့ ငနဲဆီ ပြေးဝင်ကာ ရင်ဝသို့ ဆောင့်ကန်ပစ်လိုက်သည်။

အွတ်ခနဲ လဲကျသွားတဲ့ ထိုလူက ချက်ချင်းပင် ပြန်ထလာပြီး နိုင်းကို ဓားနဲ့တိုက်ခိုက်ဖို့ ကြိုးစားတော့သည်။ နိုင်းမှာ လက်ဗလာနဲ့မို့ ထိုလူရဲ့ဓားချက်တွေကို သတိထားရှောင်နေရင်းမှ လူချင်းနီးကပ်သွားချိန် ထိုလူကိုင်ထားတဲ့ဓားကို ဆွဲလုလိုက်သည်။

သို့သော် ထိုလူကလည်း ဓားကို လွှတ်မပေးဘဲ အားကုန်သုံးကာ တင်းခံထားတာမို့ ဓားက တော်တော်နဲ့ သူ့ဆီ ပါမလာ။ ဓားဦးက သူ့ဘက်ရောက်နေတာမို့ အားပိုထည့်ကာ ဓားဦးကို ထိုလူ့ဘက်သို့ လှည့်လိုက်သည်။

စိတ်ချသည့်အနေအထားသို့ ရောက်သွားပေမယ့် ခုချိန်ထိ ဓားက ထိုလူ့လက်ထဲမှာ ရှိနေဆဲ။ အားလပ်နေတဲ့ ခြေထောက်ကိုသုံးပြီး ကန်လိုက်ပေမယ့် ထိုလူက ဓားကိုမလွှတ်ဘဲ သူကန်တာကို တင်းခံထားတော့သည်။

ဘုန်း!!!

❝အ!!!❞

တစ်ဖက်မှာလည်း နေသစ်မှာ မိုးသီးနဲ့တိုက်ခိုက်ရင်း မိုးသီးရဲ့ကန်ချက်ကို အရှိန်ပြင်းစွာ ခံလိုက်ရတာကြောင့် နောက်သို့ လန်ကျသွားသည်။

တကယ်တမ်းတော့... (ခိုနားရာ - ၂)/တကယ်တမ်းတော့... (ခိုနားရာ -Where stories live. Discover now