<Unicode>
※တကယ်တမ်းတော့...※
အပိုင်း (၁)ဒေါက်...ဒေါက်
❝အိမ့်လေး...ထတော့လေ။ အိမ့်လေး...❞
ဝင်းမောင်တစ်ယောက် ညီမဖြစ်သူ စုအိမ့်စံ အိပ်ယာမှ မထသေး၍ အခန်းပြင်မှ အော်နှိုးနေရခြင်းဖြစ်သည်။
ညီမလေးတစ်ယောက် ရှိပါတယ်။ သူနဲ့ ၇ နှစ်ကွာလို့ နေ့တိုင်း ကလေးထိန်းသလို လိုက်ထိန်းနေရသည်က ဝဋ်ကြွေးများ ပါလာသလား မသိ။ လူကဖြင့် ဘွဲ့ရပြီးတာ ၈ လကျော်သွားပြီ။ ဘာအလုပ်မှ မယ်မယ်ရရ ရှိတာ မဟုတ်။
ကိုယ်ပိုင်လုပ်ငန်း လုပ်ချင်တယ်ဆိုလို့ မိဘတွေက ဖိနပ်ဆိုင်လေး ဖွင့်ပေးထားတော့လည်း ဟုတ်တိပတ်တိ လုပ်တာ မဟုတ်။ အစပိုင်း တစ်လလောက်တော့ လိမ္မာနေသေးသည်။ နောက်တော့လည်း ဆိုင်ကို အစ်ကိုဖြစ်သူလက်ထဲ ထိုးအပ်ပြီး လွတ်လပ်ရေး ယူတော့တာပါပဲ။
ခွေးမြီးကို ကျည်တောက်စွပ်ရင်မှ ဖြောင့်လာနိုင်ဦးမည်။ အိမ့်ရဲ့ ပေါ့တီးပေါ့ပျက် နေတတ်တဲ့ အကျင့်ကတော့ ဘယ်တော့မှ ဖျောက်လို့ရမှာ မဟုတ်။
❝အိမ့်လေး...ထတော့လေကွာ။ ကိုကို ဆိုင်သွားရဦးမယ်❞
အပြင်ကလူသာ အမောဖောက်သွားမည်။ အိမ့်ကတော့ အိပ်ယာထမယ့်အစီအစဉ်ပင် ရှိရဲ့လား မသိ။ မိန်းကလေးဖြစ်ပြီး မနက် ၉ နာရီထိုးတဲ့အထိ ကျောပူ ဖင်ပူအောင် အိပ်နိုင်တာကတော့ လက်ဖျားခါလောက်သည်။ဒါကြောင့်လည်း အောင်မြတ်က အိမ့်ဆိုတာနဲ့ ဝေးဝေးက ရှောင်တာ။
❝အိမ့်...မထဘူးပေါ့လေ။ တွေ့မယ်❞
ဝင်းမောင်လည်း လေကုန်ခံမနေတော့ဘဲ ဖေဖေတို့အခန်းထဲက သော့တွဲကြီးကို ယူလာ၍ အိမ့်အခန်းသော့ရဲ့ အပိုတစ်ချောင်းကို ရွေးပြီး သော့ဖွင့်လိုက်သည်။
❝ကဲ...ကာလနဂါးမ စုအိမ့်စံရေ...ထတော့ဆိုကွာ❞
ကုတင်ပေါ်မှာ ခြေကားယား လက်ကားယားအိပ်နေတဲ့ အိမ့်ကို နဖူးအား လက်နဲ့ အားနည်းနည်းသုံးပြီး တောက်လိုက်တော့ မျက်နှာကို ရှုံ့မဲ့ရင်း အပျင်းကြောဆန့်လာသည်။ သို့သော် မျက်လုံးတို့က မှိတ်ထားဆဲ။
![](https://img.wattpad.com/cover/177326865-288-k738.jpg)
YOU ARE READING
RomanceThe 6th series Love may be painful when one is lain by her lover.