၁၂

466 20 0
                                    

<Unicode>

※တကယ်တမ်းတော့...※
အပိုင်း (၁၂)

❝ဒါဆို ရှင် အဲ့ဒီမှာ ရှိနေခဲ့တာပေါ့❞

ဝေမာ့အမေးကို နေသစ် ခေါင်းညိတ်ပြလိုက်သည်။

❝အစကတော့ ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး ဘာသိဘာသာပဲ နေလိုက်မလို့။ ဒါပေမယ့် အစ်မကိုမြင်တော့ အဲ့နေ့ကအဖြစ်အပျက်ကို ပြောပြနေမှန်း သိလိုက်ရတယ်❞

❝ကျွန်မဘက်က တတ်နိုင်သလောက် ကူညီပေးချင်ပါတယ်။ ဒါပေမယ့် ကျွန်မ ဘယ်လောက်ထိ လုပ်နိုင်လည်းဆိုတာကို ကျွန်မကိုယ်တိုင် သေချာမသိတာမို့ စိတ်မကောင်းဖြစ်မိတယ်။ ကျွန်မကို အနစ်နာခံ ကူညီထားတာမို့ သူ့ကိုလည်း ပြန်ပြီး ကျေးဇူးဆပ်ချင်တယ်❞

ဝေမာ့စကားကို နေသစ် ခေါင်းတညိတ်ညိတ် နားထောင်ရင်း တစ်စုံတစ်ခုကို အလေးအနက် တွေးနေမိသည်။

❝ဦးမာန်ထင်ဆိုတာ ဘယ်သူလဲ❞

ဒီနာမည် သူ့နှုတ်ဖျားက ထွက်ကျလာတာကို ဝေမာ မအံ့ဩမိတော့ပါ။ အိမ့်ကိုပြောပြခဲ့တဲ့ စကားတွေကို သူလည်း ကြားခဲ့သည်တဲ့လေ။

❝သူက ကျွန်မအလုပ်ရှင်ပါ။ ပြောရမယ်ဆိုရင်တော့ ကျွန်မတို့သားအဖရဲ့ အခက်အခဲက စရမှာပဲ❞

ဝေမာလည်း ဦးမာန်ထင်အပေါ် သူမတို့သားအဖ တင်ကျန်နေခဲ့တဲ့ အကြွေးကိစ္စက အစပြုလို့ နိုင်းပါဝင်ကူညီခဲ့တဲ့ ရန်ပွဲအထိ အကျဉ်းချုံး ပြောပြလိုက်တော့သည်။

❝သူလည်း အချုပ်ထဲမှာပဲမဟုတ်လား❞

❝ခုလောလောဆယ်တော့ ဟုတ်တယ်။ ဒါပေမယ့် သူ့မှာ ထောက်ပြစရာပြစ်မှုက ရေရေရာရာ မရှိတော့ ဒဏ်ငွေဆောင်ပြီး လွတ်လာမှာ သေချာတယ်။ နိုင်းကိုလည်း ငွေအားသုံးပြီး တရားစွဲမှာပဲ❞

❝ကျွန်တော် နိုင်းဘက်ကလိုက်ပေးမယ့် ရှေ့နေကိုတော့ စီစဉ်ထားပါတယ်❞

❝ဟုတ်ကဲ့❞

ဝေမာမှာ မျက်လွှာလေးချရင်း ငြိမ်နေမိသည်။ သူမဘက်က ဘာမှလုပ်မပေးနိုင်တာမို့ မျက်နှာပူသလို အားနာမိသည်မှာလည်း ပြောမပြတတ်အောင်ပင်။

တကယ်တမ်းတော့... (ခိုနားရာ - ၂)/တကယ်တမ်းတော့... (ခိုနားရာ -Where stories live. Discover now