၃၆

866 17 0
                                    

<Unicode>

တကယ်တမ်းတော့...
အပိုင်း (၃၆)"

"နိုင်း...လာလေ"

အိမ်လိပ်စာအတိုင်း ရောက်လာခဲ့ပေမယ့် နောက်မှာရပ်ကျန်ရစ်တဲ့ နိုင်းကို လည်ပြန်ကြည့်ကာ ခေါ်တော့ လာရမှာ တွန့်ဆုတ်နေသည့်ပုံ။

"ဒီကိုလာမယ်လို့ ဘယ်သူအရင်ပြောခဲ့တာလဲ"

လူနာသတင်းလည်းမေးရင်း နေသစ်ကိစ္စကိုလည်း ဖြေရှင်းရင်း ဒီကိုလာဖို့ အစပျိုးခဲ့သူက နိုင်းပါ။ ခုတော့ သူကိုယ်တိုင်က တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတော့ ဝေမာ အားမလိုအားမရ ဖြစ်လာသည်။
္ဌ
"လာပါ မောင်ရယ်..."

မောင်ခေါ်ပြီး လက်ဆွဲတော့မှ ပြုံးဖြီးဖြီးနဲ့ ပါလာသည်။ တကယ့်မလွယ်ကြောပါလား နိုင်းရယ်။

ဘဲလ်ကို ၂ ချက်ဆင့်နှိပ်လိုက်တော့ အထဲမှ အမျိုးသမီးကြီးတစ်ယောက် ထွက်လာသည်။

"ဘာကိစ္စရှိလို့လဲကွဲ့"

"အန်တီ...ဒါက ဝင်းမောင်တို့အိမ်လား မသိဘူး"

"ဟုတ်ပါတယ်။ မောင်ဝင်းမောင်ရဲ့အသိလား"

"ကျွန်မက သူ့သူငယ်ချင်းပါ။ နေမကောင်းဘူးဆိုလို့ သတင်းလာမေးတာ"

"ဩော်...ဟုတ်လား။ လာ လာ။ သူ အထဲမှာ ရှိတယ်"

"ဟုတ်"

အမျိုးသမီးကြီးက တံခါးဖွင့်ပေးတော့ ဝေမာလည်း ဝင်းမောင်လက်ကိုဆွဲကာ အထဲသို့ ဝင်သွားလိုက်သည်။

"အိမ့်ရေ...ဧည့်သည်လာတယ်"

"ဘယ်သူတွေလဲ...ဟင်...မဝေ..."

ဝေမာ့ကိုမြင်တော့ အိမ့် အံ့ဩတကြီး ရေရွတ်လိုက်မိသည်။ ဒီလိုတွေ့ရလိမ့်မယ်လို့ ထင်မှ မထင်ထားခဲ့တာ။

"မဝေ...ဒီကို ဘယ်လိုလုပ်ပြီး..."

ဝေမာ့ဘေးကကောင်လေးကိုကြည့်လိုက် ဝေမာ့ကိုကြည့်လိုက်နဲ့ အိမ့်မျက်လုံးတွေ ဗျာများနေရသည်။

"ဝင်းမောင် မပြောပြဘူးလား။ မဝေနဲ့ တွေ့ဖြစ်တာကို"

"အင်း။ ပြောတော့ပြောတယ်"

"သူ နေမကောင်းဘူးဆိုလို့ လာကြည့်တာ"

"ဩော်..."

တကယ်တမ်းတော့... (ခိုနားရာ - ၂)/တကယ်တမ်းတော့... (ခိုနားရာ -Where stories live. Discover now