၁၇

450 19 3
                                    

<Unicode>

※တကယ်တမ်းတော့...※
အပိုင်း (၁၇)

❝သားညီမလေးရော?❞

လူနာခန်းထဲဝင်လာတဲ့ ဝင်းမောင်အား မိခင်ဖြစ်သူ ဒေါ်ချစ်စံမှ မေးလိုက်ခြင်းဖြစ်သည်။

❝အိမ့်က ဘယ်သွားလို့လဲ❞

❝ဟောတော်...သား ဆေးဝယ်သွားတာကြာလို့ သားနောက်လိုက်ဦးမယ်ဆိုပြီး ထွက်သွားတာပဲ❞

❝မေမေရာ...ကျွန်တော်က ကလေးမှမဟုတ်တော့တာ။ သူ့ကို ဘာလို့ တစ်ယောက်တည်းလွှတ်လိုက်ရတာလဲ❞

❝မေမေလည်း တားမလို့လုပ်ပါသေးတယ်။ မင့်ညီမက တားချိန်တောင်မရလိုက်ဘူး။ လှစ်ခနဲ ထွက်သွားတာ။ မေမေလည်း မင့်ဖေဖေလမ်းလျှောက်ချင်တယ်ဆိုလို့ ကူပေးနေရတာနဲ့ သူသွားတာကို မတားမိလိုက်ဘူး။ ဖုန်းလည်း ထားခဲ့တယ်❞

❝ဒီမှာ...ဝယ်ခိုင်းထားတဲ့ဆေးတွေ။ ကျွန်တော် အိမ့်ကို သွားရှာလိုက်ဦးမယ်❞

❝အေး...အေး❞

ဝင်းမောင်လည်း ဒေါ်ချစ်စံလက်ထဲ ဆေးထုပ်ထည့်ပေးပြီး အိမ့်အား ရှာပုံတော်ဖွင့်ရန် ထွက်လာခဲ့လိုက်သည်။ ဒီညီမတစ်ယောက်နဲ့တော့ ချစ်ရသူကြောင့် ဆွေးတာကိုပင် ဖြောင့်ဖြောင့်မဆွေးရရှာပါလား။

အိမ့် လက်ထဲမှဖိတ်စာနဲ့ ဓာတ်ပုံတွေကိုကြည့်ရင်း ခြေမခိုင်စွာ လှေကားထစ်ပေါ်သို့ ထိုင်ချလိုက်မိသည်။

ကိုရှိန်းက အိမ့်မဟုတ်တဲ့တခြားမိန်းမတစ်ယောက်၊ တိတိကျကျဆိုရရင် နွယ်လေးဖြူကို တင်းကျပ်စွာ ဖက်တွယ်ထားပြီး နမ်းနေတဲ့ ဓာတ်ပုံတွေ။ စေ့စပ်ပွဲအတွက် ဖိတ်စာက အိမ့်တစ်ယောက်တည်းအတွက်ပဲ သီးသန့်လုပ်ထားသည်လား မပြောတတ်။ စေ့စပ်ပွဲဖိတ်စာရယ်လို့ အိမ့်တစ်သက် တစ်ခါမှ မကြားဖူးခဲ့ပါ။

/ကိုရှိန်းက အဲ့လိုလူစားမျိုးမဟုတ်ဘူး အန်တီ။ သူက ကျွန်မမဟုတ်တဲ့ တခြားတစ်ယောက်ကို စိတ်နဲ့တောင် ပြစ်မှားမှာ မဟုတ်.../

/ဒါကတော့ ညည်းရဲ့တစ်ဖက်သတ်အမြင်လေ။ အင်း...ပြောရမယ်ဆို သားနဲ့နွယ်လေးက ဟိုးငယ်ငယ်လေးကတည်း ကောင်းဆိုးအတူ မျှဝေခံစားရင်း သံယောဇဉ်တွယ်ခဲ့ရတာ။ သူတို့ ၂ ယောက်ကြားက သံယောဇဉ်ထုထည်က မနေ့တစ်နေ့ကမှ တွေ့ပြီး ချစ်စကားဆိုခဲ့တဲ့ ညည်းကိုချစ်တဲ့အချစ်ထက် အပုံကြီးသာပါတယ် မိန်းကလေးရယ်။ ငါ့သားကိုတကယ်ချစ်တယ်ဆို လက်လွှတ်ပေးလိုက်ပါတော့။ ဆက်ပြီး ဆွဲထားဦးမယ်ဆို ညည်းပဲ မယားငယ်ဘဝ ရောက်လိမ့်မယ်။ အန်တီက သမီးမရှိပေမယ့် ညည်းအတွက် စဉ်းစားပေးမိလို့ပါ။ ကဲ...အန်တီသွားမယ်။ သေချာစဉ်းစားပေါ့ကွယ်။ ကိုယ့်အသိစိတ်နဲ့ကိုယ် နောက်ဆုတ်မလား။ အရှက်တကွဲ အကျိုးနည်းအဖြစ်ခံပြီး ဆက်မိုက်ဦးမလားဆိုတာ/

တကယ်တမ်းတော့... (ခိုနားရာ - ၂)/တကယ်တမ်းတော့... (ခိုနားရာ -Donde viven las historias. Descúbrelo ahora