၂၄

434 17 0
                                    

<Unicode>

※တကယ်တမ်းတော့...※
အပိုင်း (၂၄)

❝သား...မင်း ခုတလော အရက်တွေ တအားသောက်တတ်နေတယ်နော်။ နည်းနည်းပါးပါး ဆင်ခြင်ဦး❞

ဒေါ်မြသိုက်မှာ သားဖြစ်သူ နေ့တိုင်း အရက်သောက်တတ်လာလို့ နွယ်မရှိတုန်း ကျိတ်ဆူရသည်။ ချွေးမရှေ့မှာတော့ သားဖြစ်သူကို မဆူမငေါက်ချင်ဘူးလေ။

❝မာမီ...နေသစ်ကို ဘာလို့မချစ်တာလဲ❞

❝ဟဲ့...ဘာတွေလျှောက်မေးနေတာလဲ❞

မေ့ချင်ချင်ဖြစ်နေသော နာမည်တစ်ခုကို ရုတ်တရက်ကြားလိုက်ရတော့ ဒေါ်မြသိုက်မှာ ရှိန်းအား ထပ်မံဆူမိပြန်သည်။

❝ကျွန်တော်သိချင်တယ် မာမီ။ မာမီ ဘာလို့ ကျွန်တော်နဲ့နေသစ်ကို တန်းတူမဆက်ဆံခဲ့တာလဲ။ ဘာလို့ ကျွန်တော့်ကိုပဲ ကောင်းကောင်းဆက်ဆံခဲ့ရတာလဲ❞

❝နင် သောက်ထားပြန်ပြီလား❞

❝ဟဲဟဲ...နည်းနည်းလေးပါ❞

လက်မနဲ့လက်ညှိုးကို ထိပြရင်း ပြောလိုက်တော့ ဒေါ်မြသိုက်ရဲ့လက်က ရှိန်းလက်မောင်းကို ဘက်ခနဲ ရိုက်ပြီးပြီ။

❝ဘာလို့ ဒီအရည်တွေကို သောက်နေရတာလဲ။ မိုက်လှချည်လား ရှိန်းကျော်စွာရယ်❞

❝မာမီ...ကျွန်တော်မေးနေတယ်လေ။ ဘာလို့ နေသစ်နဲ့ကျွန်တော့်ကို ခွဲခြားခွဲခြားဆက်ဆံရတာလဲလို့❞

❝နင်...ဘာလို့ ရုတ်တရက်ကြီး ဒီလိုမေးရတာလဲ။ မဟုတ်မှလွဲရော...နင် အဲ့အကောင်နဲ့ တွေ့ဖြစ်ခဲ့တာလား❞

❝ဟုတ်တယ်။ ကျွန်တော် နေသစ်နဲ့တွေ့ခဲ့တယ်။ သူ ကျွန်တော့်ကို မုန်းနေတာ မာမီ။ သူ ကျွန်တော့်ကို မုန်းနေတာ။ အဲ့ဒါ မာမီ့ကြောင့်။ သူ့ကို ကျွန်တော်နဲ့ယှဉ်ယှဉ်ပြီး နှိမ်ခဲ့တဲ့ မာမီ့ကြောင့်။ ပြီးတော့ သူစိတ်နာမယ့်စကားကို ပြောခဲ့မိတဲ့ ကျွန်တော့်ကြောင့် သူ ကျွန်တော့်ကို မုန်းနေတာတဲ့❞

❝ဘယ်သူ့ကြောင့်မှ မဟုတ်ဘူး။ ဒါတွေအားလုံး သူ့ကံနဲ့သူ ဖြစ်လာရတာ❞

❝ဘယ်လို❞

❝ဟုတ်တယ်။ မင်း အဲ့လောက်သိချင်နေရင် မာမီပြောပြမယ်❞

တကယ်တမ်းတော့... (ခိုနားရာ - ၂)/တကယ်တမ်းတော့... (ခိုနားရာ -Where stories live. Discover now