၂၆

473 16 0
                                    

<Unicode>

※တကယ်တမ်းတော့...※
အပိုင်း (၂၆)

❝နေသစ်တေး...ငါ့လက်ကို လွှတ်စမ်း❞

ဟောပြောပွဲနဲ့ ဝေးရာဆီ ဆွဲခေါ်လာတဲ့ နေသစ်လက်ထဲမှ ရုန်းဖို့ကြိုးစားတော့ အသာတကြည်ပဲ လွှတ်ပေးလိုက်သည်။

ဖြန်း !!!!

ညာဘက်ပါးတစ်ခြမ်းလုံး ပူခနဲဖြစ်သွားပြီး မျက်နှာပါ လည်ထွက်သွားရသည်။ အရိုက်ခံရမယ်ဆိုတာကို ကြိုသိထားပေမယ့် သူ့ဘက်က ရှောင်ဖယ်ဖို့ မကြိုးစားမိခဲ့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူရခဲ့တာနဲ့ယှဉ်ရင် အနာခံလိုက်ရတာက အသေးအမွှားပါပဲ။ ဒါပေမယ့် ဒ်ိမိန်းမက အတော်လက်သံပြောင်လွန်းသည်။

နောက်တစ်ခါရိုက်မယ့်ဟန်ပြင်တော့ နေသစ် အိမ့်လက်ကို ဖမ်းကိုင်လိုက်သည်။

❝တစ်ချက်ဆို တော်ပြီ...အ !!!❞

လက်ကိုကိုင်ထားနိုင်လိုက်ပေမယ့် ဒေါသခိုးဝေနေတဲ့အိမ့်က ခြေထောက်ကို ဆောင့်နင်းလိုက်တာမို့ လန့်ပြီး အော်လိုက်မိသည်။

❝နင်ဘာလုပ်ခဲ့လဲဆိုတာ သေချာရော သိရဲ့လား❞

❝သိသားပဲ။ ခင်ဗျားနှုတ်ခမ်းကို ထိခဲ့တာလေ❞

❝ဘာ !!!❞

အိမ့်ကသာ ဒေါသတကြီးအော်လိုက်ပေမယ့် သူကတော့ ပြုံးလို့ပင် နေသေးသည်။ အတော်မျက်နှာပြောင်တဲ့ သတ္တဝါပါလား။

❝ခင်ဗျားပဲ ကျွန်တော့်ကို အကူအညီတောင်းတဲ့မျက်လုံးတွေနဲ့ ကြည့်နေခဲ့တာလေ။ ကျွန်တော့်ဘက်က ခင်ဗျားကိုကူညီပေးဖို့ လုပ်ခဲ့ရုံသက်သက်ပဲ❞

သူပြောပုံက အတော်ကို ကျေနပ်စရာပင်။ အိမ့်ကိုနမ်းလိုက်တာကိုတောင် ပြန်ကျေးဇူးတင်ရမလို ဖြစ်နေရပြီလေ။

❝နင်က အချိန်နဲ့အခါနဲ့ ကူညီပါလား။ ဘာလို့...❞

❝ဘာလဲ။ ခင်ဗျားက သူ့ဆီ ပြန်သွားချင်လို့လား❞

❝ငါ့ဘာသာငါ ပြန်သွားတာ နင်နဲ့ဘာဆိုင်လဲ❞

❝ခင်ဗျား မရှက်ဘူးလား❞

❝ဘာ !!!❞

❝အိမ်ထောင်ရှိနေပြီးသားယောက်ျားတစ်ယောက်နဲ့ ပြန်လက်တွဲမယ့်အတွေးမျိုးကို ခင်ဗျားမို့ တွေးရဲတယ်❞

တကယ်တမ်းတော့... (ခိုနားရာ - ၂)/တကယ်တမ်းတော့... (ခိုနားရာ -Where stories live. Discover now