၃၁

461 25 0
                                    

<Unicode>

※တကယ်တမ်းတော့...※
အပိုင်း (၃၁)

ဒီကုမ္ပဏီကို နောက်တစ်ကြိမ်မလာချင်ပေမယ့် လာခဲ့ရသည်။ ဦးမာန်ထင်ရဲ့လှုပ်ရှားမှုတွေကို ဖြစ်နိုင်ရင် ခြေတစ်လှမ်းကြိုသိထားရမည်လေ။

ဆိုင်ကယ်ကို စတန်းမှာရပ်ထားပြီး ကုမ္ပဏီအတွင်းသို့ ခပ်တည်တည် ဝင်သွားလိုက်သည်။ ဒီကုမ္ပဏီမှာ ရှိန်းနဲ့ချစ်ကြိုက်ခဲ့တာကလွဲပြီး လူသိများစရာအကြောင်းကိစ္စ မရှိခဲ့တာမို့ အိမ့်ကို ဘယ်သူမှ သတိမထားမိ။ အချိန်တွေကြာခဲ့တာကြောင့်လည်း ပါမှာပေါ့လေ။

သို့သော်...

အိမ့်ကိုမြင်တာနဲ့ တန်းမှတ်မိသွားတဲ့သူလည်း ရှိသေးသည်။

"စုအိမ့်စံ..."

သူဇာအောင်တစ်ယောက် အိမ့်ကိုတွေ့တော့ အံ့အားသင့်သွားပြီး မျက်လုံးပြူးမျက်ဆံပြူးဖြင့် အိမ့်နောက်သို့ အသံတိတ် လိုက်လာခဲ့တော့သည်။

"သူက ဒီကို ဘာလို့ပြန်လာတာလဲ"

သူဇာအောင်မှာ အတွေးပေါင်းများစွာဖြင့် ကျန်ရစ်ခဲ့ပေမယ့် အိမ့်ကတော့ ဓာတ်လှေကားတွင်းသို့ ဝင်သွားခဲ့ပြီ။

-

အစည်းအဝေးတွင် ပရိုဂျက်တာဖြင့် ကုမ္ပဏီ၏ တိုးတက်မှုနှုန်းတွေကို ပြသပြီးနောက် ရှယ်ယာရှင်တချို့က စောတက တက်လာကြသည်။

"ဦးမာန်ထင်....ကျုပ်တို့ကြားတာတော့ ပျိုးပင်တွေက မျိုးမသန့်ဘူးဆို"

"မျိုးမသန့်စရာလား။ မျိုးသန့်မျိုးကောင်းမို့ ဒီလိုရောင်းအားကောင်းတာပေါ့"

ဦးမာန်ထင်မှာ ထိုစကားအား မျက်စိမျက်နှာပျက်စွာ တုံ့ပြန်လိုက်သည်။

"ကျုပ်လည်းကြားမိတယ်။ လက်ကားဝယ်တဲ့ အရောင်းဆိုင်တွေကပါ report လုပ်ကြတယ်။ ပြီးတော့ တိုးတက်မှုစာရင်းက အရမ်းနှေးနေတယ်။ အရင်နှစ်တွေတုန်းက တစ်နှစ်ထက်တစ်နှစ် 25% လောက် ရောင်းအားတက်ခဲ့တာ။ ခုကျ 5% ပဲရှိတယ်။ ခင်ဗျားဘက်က တစ်ခုခုရှင်းပြဖို့လိုပြီနော်"

"ဘာကိုရှင်းပြရဦးမှာလဲ။ အကုန်လုံး ရှင်းနေပြီပဲလေ"

"ခင်ဗျားဝန်မခံရင် ကျုပ်ပြောမယ်။ ခင်ဗျား ကုမ္ပဏီငွေတွေကို တခြားနေရာမှာ အသုံးချခဲ့တယ် ဦးမာန်ထင်"

တကယ်တမ်းတော့... (ခိုနားရာ - ၂)/တကယ်တမ်းတော့... (ခိုနားရာ -Where stories live. Discover now