၃၄

561 22 0
                                    

<Unicode>

တကယ်တမ်းတော့...
အပိုင်း (၃၄)

"ကိုကို..."

အိမ်ထဲ ဒယီးဒယိုင်ဝင်လာတဲ့ ဝင်းမောင်ကိုမြင်တော့ စိတ်ဆိုးခဲ့သမျှ အကုန်ပျောက်ကာ အမြန်သွားတွဲလိုက်ရသည်။

"ကိုကို...ဘာဖြစ်လာတာလဲ။ ဟင်...မျက်နှာတစ်ပြင်လုံး ရောင်ကိုင်းလို့။ လက်မှာလည်း ဒဏ်ရာကြီးနဲ့..."

ဘယ်ဘက်လက်ဖျံမှာစည်းနှောင်ထားတဲ့ ပတ်တီးဖြူဖြူကြောင့် အိမ့်ရင်ထဲ စိုးရိမ်စိတ်တို့ ကြီးစိုးလာသည်။

"ကိုကို...ရန်ဖြစ်လာတာလား"

"အိမ့်...ငါ နားချင်တယ်။ လောလောဆယ် ငါ့ကို ဘာမှမမေးပါနဲ့"

ဝင်းမောင်က တွဲထားတဲ့အိမ့်လက်ကိုဖြုတ်ပြီး အပေါ်ထပ်သို့ လှေကားတစ်ထစ်ချင်း ဖြည်းညင်းစွာ တက်သွားသည်။

ဘာလို့လဲ။ တစ်ခါမှ ရန်မဖြစ်ဖူးတဲ့ကိုကိုက ဘာကြောင့် ဒီလိုဒဏ်ရာရလောက်တဲ့အထိ ရန်ဖြစ်လာရတာလဲ။

"အိမ့်...အပြင်သွားတော့မှာလား။ ဝင်းမောင်လည်း ပြန်ရောက်ပြီဆိုတော့"

ဒေါ်သံသာ့အမေးကို အိမ့် ခေါင်းရမ်းပြလိုက်သည်။ ဒီအချိန်မှာ ကိုယ့်သွေးသားအရင်းလောက် ဘယ်သူစိမ်းမှ အရေးမကြီးဘူးလေ။

"မသွားတော့ဘူး ဒေါ်ဒေါ်။ ကျွန်မ ကိုကို့ဆီ သွားလိုက်ဦးမယ်"

"အင်း အင်း"

အိမ့် အိမ်ပေါ်သို့ တက်လာကာ ဝင်းမောင်အခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။ ဝင်းမောင်ကတော့ ကုတင်ပေါ်မှာ နဖူးပေါ်လက်တင်ရင်း မျက်လုံးအစုံကို မှိတ်ထားလေရဲ့။

"ကိုကို...ဒဏ်ရာက များလား"

". . ."

တုပ်တုပ်မျှမလှုပ်သော ဝင်းမောင်အနားသို့ ကပ်သွားလိုက်ကာ ပတ်တီးဖြူဖြူကို လက်ချောင်းများဖြင့် တို့ထိကြည့်မိသည်။

"ဘယ်လိုဖြစ်ရတာလဲ ကိုကိုရယ်။ တခြားထိခိုက်တာ မရှိဘူးမလားဟင်"

အဖြေပြန်မလာတဲ့ဝင်းမောင်ကို မျက်ရည်အဝိုင်းသားနဲ့ ငေးကြည့်ပြီးနောက် အိမ့် အခန်းပြင်သို့ ထွက်လာခဲ့လိုက်သည်။ အတွေးထဲမှာတော့ မေးခွန်းပေါင်းများစွာဖြင့်။ ဘာလို့ အခုလိုဖြစ်ရတာလဲ.?? ဘယ်သူ့ကြောင့်လဲ?? ဘယ်မှာဖြစ်ခဲ့တာလဲ??...သို့သော် အိမ့်မေးခွန်းအတွက် အဖြေက ဗလာနတ္တိ။

တကယ်တမ်းတော့... (ခိုနားရာ - ၂)/တကယ်တမ်းတော့... (ခိုနားရာ -Where stories live. Discover now