««««««နေဖမ်းစားသော လမင်း»»»»»»»
"အပိုင်း(၅)။"
အခန်းအတွင်းမှာ အဲယားကွန်းအေးမျှမူနင့်အတူ စီးကရက်နံ့တို့သင်းပျံ့နေလျှက်။အခန်းမျက်နာကြက်မှာ အနီရောင်မီးသီးမှိန်မှိန်ကိုထွန်းထားကာ နံရံ။မျက်နာကြက်။ကြမ်းပြင်မှအစ အပြာရောင်သုတ်ပြီး အဝါရောင်အသည်းပုံလေးတွေသုတ်ထားသည်။အခန်းတွင်း၌အံဆွဲတစ်လုံး။ ဆိုဖာလေးလုံး။စားပွဲတစ်လုံး။အိပ်ရာခုတင်တစ်ခုသာရှိနေပြီး စားပွဲဝိုင်းထိပ်ခုံတွင် ထိုင်နေသူမှာညမွေးပန်းအရှင်သခင် ဦီးမြသာ။
စီးကရက်ကိုမာန်ပါပါခဲထားရင်း သူ့မျက်နာချင်းဆိုင်ကမိုးညိုကိုကြည့်နေသည်။"မိုးညို "
"ဗျာ"
"တို့ ဟိုကောင်လေးကိုအလုပ်စသွင်းရအောင်ကွာ။နစ်ရက်တောင်ကြာပြီ။ဘယ်သူမှမလာ။သတင်းမတက်ပုံအရ သူနောက်ကြောင်းရှင်းပါတယ်။"
"ကျွန်တော်တော့ မထင်ဘူးဦီး။သူကအရမ်းငယ်လွန်းတယ်။မလုပ်နိုင်လောက်ဘူး။"
"တို့ ဘာလုပ်နေကြတာလဲမိုးညို။ဒီကိုလာတဲ့သူတိုင်းက အငယ်အသစ်လေးမှစားချင်သူတွေကွ။ချစ်ခွန်းညံကိုသာချပြရင် တို့အတွက် ဘယ်လောက်နာမည်ကောင်း။ဈေးကောင်းလိုက်မလဲ။သူမလုပ်နိုင်လဲပြသနာမရှိဘူး။အလုပ်ခံမဲ့နေရာသွင်းရုံပေါ့ကွ။အဟားဟားးဟား။အကွက်မြင်စမ်းပါငမိုးရယ်။သူ့အတွက် လိုအပ်တာအားလုံး။အလုပ်ကအစမင်းသေချာသင်ပေး။"
"ဟုတ်"
"ရော့ ဒီမှာမင်းလုပ်အားခ။နေ့ပိုင်း မင်းအလုပ်မရှိဘူး။ဟိုကောင်လေးပါခေါ်ပြီး လိုက်ပြလိုက်။ဘာဘာညာညာအသံတော့မကြားချင်ဘုးကွာ။"
"ဟုတ်ကဲ့ဦီး၊"
ဦီးမြသာပေးသောငွေတစ်ထပ်ကိုကိုင်ရင်း အခန်းပြင်ထွက်လာခဲ့သည်။
စင်္ကြန်လမ်းအတိုင်းလျှောက်လာစဉ်တွင် မျက်နာချင်းဆိုင်မှလာနေသော သက်တံ့ကိုမြင်လိုက်သဖြင့် နူတ်ခမ်းကိုမဲ့ပြုံးမိသည်။သက်တံ့ကလဲ
မိုးညိုကိုမြင်သည်နင့်မထီလေးစားပုံစံပြောင်းသွားကာ နံဘေးမှဖြတ်ကျော်သွားကာ ဦီးမြသာရှိနေသောအခန်းထဲဝင်သွား၏။
ဘဝချင်းအတူတူတောင် အစွမ်းအစ အရည်အချင်းကိုအားမကိုးပဲအချောင်လိုချင်။ငွေရှိသူကိုကပ်ဖားရပ်ဖားလုပ်နေသော သူ့ဘဝကိုသနားလှသည်။
မိမိအဆောင်ဆီအရောက်တွင်
