"နေဖမ်းစားသော လမင်း"
**************************
ဇာတ်သိမ်း
**********"ကျွီးးးး"
"ဝုန်းးး"
ကားပေါ်က ဆင်းပြီး အိမ်တံခါးကိုဆောင့်ကန်သွားခဲ့သော သူဌေး။
လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ထားကာ ဒေါသထွက်နေသည့်သူဌေး ပိုင်စိုးခန့်ကိုကြည့်ရင်း မြတ်မင်း စိုးရိမ်လာသည်။
သူဌေးက အရင်လို စိတ်ကြမ်းလူကြမ်းပြန်ဖြစ်လာသလိုပါပဲလား။
ညီငယ် ညံဘက်ကတွေးကြည့်လျှင်လဲ မှန်နေပြန်တော့ ဘာဝင်ပြောရမှန်းမသိ။ဖြစ်ခဲ့သည့်အရာအားလုံးကိုလဲ မြတ်မင်းမြင်သိနေပြန်တော့လဲအခက်။"မောင်မြတ်မင်း မောင်ပိုင်စိုး ဘာဖြစ်လာတာလဲကွယ်။"
"ဘာမှမဖြစ်ဘူးဒေါ်လေး။ဒီလိုပဲ အဆင်မပြေတာလေးဖြစ်ခဲ့လို့ပါ။ဒေါ်လေးတို့နားတော့လေ။"
အိမ်ထိန်းများကို အနားပေးလိုက်ကာ
မြတ်မင်း ဆိုဖာဆက်တီထိုင်ချပစ်လိုက်သည်။
သည်ပြဿနာ ဘယ်လိုရှင်းရပါ့မလဲကွာ။"ဦီးမြတ်"
"သြော် ရောင်စဉ်။လာထိုင်လေ ကလေး"
ရောင်စဉ်လဲ မျက်နာမကောင်း။ဖြစ်နိုင်လျှင် ရောင်စဥ့်မျက်နာမညိုစေချင်။အမြဲပြုံးပျော်နေစေလိုသည်။
"ကိုညံက ဒီအိမ်ကိုပြန်မလာတော့ဘူးပေါ့။"
"အင်း။သူကတော့ ဆုံးဖြတ်ပြီးပြီထင်တာပဲ။ဘယ်တတ်နိုင်ပါ့မလဲကွာ။သူကိုယ်တိုင်ကမှပြန်မလာချင်တော့တာ။"
"ရောင်စဉ်ဘာပြောရမှန်းမသိဘူးဦီးမြတ်ရယ်။သူဌေးက ကိုညံကို ဒီလောက်ချစ်ကြတဲ့ဟာကို။ရောင်စဉ်သာဆိုရင် ပြန်လိုက်မိမှာ။"
ကလေးတစ်ဦီးလို ထင်ရာစွတ်ပြောနေသောရောင်စဉ်ကိုကြည့်ရင်း မြတ်မင်းရယ်ချင်လာကာ
"မင်းကတော့ တကယ့်ကလေးအတိုင်းပါပဲရောင်စဉ်ရယ်။
တကယ်တော့ သူဌေးက ညံလေးကို အရမ်းချစ်သလို ညံလေးကလဲ သူဌေးကို အပျောက်မခံနိုင်အောင်ကိုချစ်ကြတာ။ညံလေးက ကိုယ့်ညီအရင်းလေးလိုချစ်ရသူလေ။ဒီလိုချစ်သူနစ်ယောက်ကို ကွဲသွားအောင်လုပ်ခဲ့တာ။အထူးသဖြင့် ညံလေးကိုသေကြောင်းကြံခဲ့သူတွေလက်ချက်။"