part 27

2.3K 94 1
                                    

"နေဖမ်းစားသော လမင်း"
အပိုင်း(၂၇)
*********
လုပ်ရမည့်စာရင်းဇယားစာရွက်စာတမ်း။
မနက်ဖြန်ဆို အလုပ်သမားတွေ။ဝန်ထမ်းတွေကို ဒီဇင်ဘာ ရက်ရှည်နားရက်ပေးရတော့မည်ဖြစ်၍ ဆောင်ရွက်စရာများအပြီးခိုင်းပြီး ပြီးစီးသွားပြီဖြစ်၍ ထိုင်ခုံ ကျောမှီကိုမှီကာ အကြောဆန့်လိုက်သည်။

"ဦီးမြတ်"

လှည့်ကြည့်လိုက်တော့ ဖိုင်တွဲတစ်ခုကိုင်ကာ တံခါးဝမှာရပ်နေသည့် ကောင်လေး။အသာခေါင်းညိမ့်ပြကာ အထဲခေါ်လိုက်သည်။
သူကစားပွဲရှေ့ထိုင်ခုံ၌ ဝင်ထိုင်ရင်း ခေါင်းငုံ့ထား၏။
သည်ကလေးကရုံးမှာ အလုပ်ဝင်နေတာမကြာသေးပေမဲ့ အပေါင်းအသင်းကောင်းတော့ လူချစ်လူခင်များသည်။သို့သော် မြတ်မင်းနင့် သူဌေးရှေ့ဆိုလျှင် သူကအမြဲအေးစက်ငြိမ်သက်။
ဘယ်လိုအူကြောင်ကြောင်လေးမှန်းမသိ။

"ဘာပြသနာရှိလဲ ရောင်စဉ်။"

"ကျွန်တော် ဦိးမြတ်ကိုအကူညီတောင်းချင်တယ်။"

"အင်း။ပြောလေ "

"မနက်ဖြန်ခွင့်ရက်ရှည်။အလုပ်ပိတ်ပေးတော့မှာမဟုတ်လား။"

"ဟုတ်တယ်လေ။ဝန်ထမ်းအားလုံးကိုပဲပေါ့။အခုတောင်နယ်ပြန်မဲ့သူတွေပြန်ဖို့စီစဉ်နေကြပြီ။ရောင်စဉ်ကမပြန်ဘူးလား။"

"ဟို လေ ဟို"

"အင်း။ပြော"

"ကျွန်တော့်ကိုခွင့်မပေးပဲ အလုပ်တခုခုလောက်ပေးထားပါလား"

"ဟေ"

မြတ်မင်း နူတ်မှ အသံထွက်အံ့သြမိလေပြီ။
ရောင်စဉ်ဆိုသည့်လူငယ်လေး ရူးများရူးနေသလား။
အများတကာ ပျော်နေချိန် သူကဘာအခက်အခဲရှိနေပါလိမ့်။

"တခုခု အခက်အခဲရှိနေလားရောင်စဉ်။"

"ကျွန်တော် မဖြေပါရစေနဲ့။"

"ပြောပါ။အများပျော်နေချိန် မင်းကအလုပ်ပေးပါဆိုထဲကမင်းတခုခုအခက်အခဲဖြစ်နေတာ ကိုယ်သိတယ်။"

ရောင်စဉ်က မြတ်မင်းကိုမကြည့်။စားပွဲပေါ်မှ ဖန်သီးလေးကိုသာငေးကြည့်နေ၍ အလိုက်တသိငြိမ်နေပေးလိုက်သည်။
အတော်ကြာမှသက်ပြင်းချကာ

"နေဖမ်းစားသော လမင်း"Where stories live. Discover now