"နေဖမ်းစားသော လမင်း"
*******************
အပိုင်း(၃၉)
**********
ကန်ရေပြင်မှဖြတ်သန်းတိုက်ခတ်လာသည့်လေပြေညှင်းက ကန်ဘောင်ပေါ်ရှိအရာအားလုံးနင့်ပွတ်တိုက်ဆော့ကစားသွားခဲ့၏။
ဝိုင်းချစ်က အိမ်မပြန်ချင်သေးဘူးဆို၍ ကန်တော်ကြီးထဲပတ်ကာလမ်းလျှောက်နေကြသည့် နေဖြိုးနင့်ပျိုစွဲ။
ဝိုင်းချစ်ကတော့မလှမ်းမကမ်းမှာကစားနေလျှက်။
နေမွန်းတိမ်းစပင်ရှိသေးတာမို့ လူသူရှင်းနေ၏။"ညီ "
'ဗျာ အကို"
မော့ကြည့်လာသည့်ပျိုစွဲမျက်နာ။မကြည့်ပါနဲ့ကလေးရယ်။ဒီလိုမကြည့်ပါနဲ့။ကိုယ့်စိတ်ထဲကစကားအတွက် မင်းအကြည့်တွေ ရင်မဆိုင်ရဲသေးဘူး။
"အကို ဘာဖြစ်လို့လဲ"
"ဟိုလေ ဟို ညီ အဲ့ဒိမှာနေရတာအဆင်ပြေရဲ့လားမေးမလို့"
"သြော်။ဟုတ် ပြေပါတယ်အကို။အားလုံးကဆွေမျိုးထက်ကိုပိုကောင်းပါတယ်။'
"အင်းပါ။ညီအဆင်ပြေမပြေ ကိုယ်ကမေးကြည့်တာပါ။ပြီးတော့ ညီထမင်းစားခဲ့ပြီးပြီလား"
"ခင်ဗျာ။ညီတို့ ထမင်းစားပြီးမှ ဒီလာကြတာလေ"
သေစမ်း။ငါဘာတွေပြောနေတာလဲ။သတိထားစမ်းနေဖြိုးရာ။ဒါကသတ္တိရှိမှကွ။
"သြော်။အင်း ဟုတ်သားနော်။ကိုယ်မေ့သွားတယ်။"
"ဟောဗျာ။နေမကောင်းဘူးလားအကို။"
ရုတ်တရက် နဖူးဆီကပ်လာသော လက်ကလေး။နေဖြိုးမရှောင်လိုက်မိ။ပျိုစွဲ၏မျက်နက်ဝန်းတွေကကြင်နာမူရှိလှသည်။
နူးညံ့ညံ့လက်ဖဝါးလေး၏စမ်းသပ်မူအောက် ကြက်သီးများထလာကာ တကယ်နေမကောင်းဖြစ်ချင်လာလေ၏။"ကိုယ်လဲမပူပါဘူး။"
"ဟုတ်တယ်။ကိုယ်မပူဘူးညီ။ကိုယ်နေကောင်းပါတယ်"
နဖူးပေါ်မှညံ့လက်ဖဝါးကို ဖယ်ရှားလိုက်သည်။
လက်ကလေးတင်ရုံတောင်ကြက်သီးထနေတာ။
ကြာလာလျှင်ဖွင့်ပြောမိပေတော့မည်။
လက်ဖဝါးချင်းအထိ ပျိုစွဲ မျက်မှောင်ကြုတ်သွားကာ'အကိုလက်တွေ အေးစက်နေတယ်။"
'ဟုတ်တယ်။လေတိုက်နေတော့ နည်းနည်းအေးတယ်။"