"နေဖမ်းစားသော လမင်း"
***********************
အပိုင်း (၄၃)
************
ပိတ်ကျနေသော မျက်လုံးတွေဖြည်းညှင်းစွာဖွင့်လိုက်၏။မွန်းတည့်ချိန် အပူရှိန်လျော့ကျနေသော အလင်းရောင်က အခန်းအတွင်း၌တည်ရှိနေဆဲ။အဲယားကွန်း၏အေးစိမ့်စိမ့်အတွေ့ကြောင့် အေးလာကာ ခါးအောက်ရောက်နေသောစောင်ကို အပေါ်ဆွဲခြုံလိုက်သည်။
မိမိအနောက်ဆီမှ နွေးထွေးမူခံစားနေရ၍ ကိုယ်ကိုတစ်ဖက်လှည့်ကြည့်လိုက်တော့ ညံ့ကိုဖက်ကာထားလျှက်မှ အိပ်ပျော်နေသော ဦီးပိုင်စိုး။
မတွေ့ဖြစ်ကြသည့်ကာလအတွင်း အမြဲသန့်ရှင်းသပ်ရပ်နေတတ်သည့် ဦီးပိုင်စိုးမျက်နာက ယခုတော့မုတ်ဆိတ်မွေး။နူတ်ခမ်းမွေးက နည်းနည်းတောင်ရှည်နေကြပြီ။
အိပ်ပျော်နေပုံက ဘာကိုမှမသိနိုင်ပဲ နစ်နစ်ခြိုက်ခြိုက်အိပ်ပျော်နေတာပင်။" ခင်ဗျားအမိန့်တွေစကားတွေကိုမလွန်ဆန်နိုင်တာ ဘာကြောင့်မှန်းမသိဘူးဦီးပိုင်စိုးရယ်။"
မိမိဘာသာရေရွတ်ညည်းတွားရင်း မိမိကိုယ်ကိုဖက်ထားသည့်လက်တွေကို အသာဖယ်ကာ ခုတင်ဘေးစားပွဲမှ ခေါက်တင်ထားသည့်ပုဆိုးကိုယူကာ
ဝလစ်စလစ်ဖြစ်နေသော ကိုယ်တစ်ဝက်ကိုဖုံးအုပ်ထားလိုက်၏။"ကိုယ့်စကားတွေကို မလွန်ဆန်နိုင်တာ ကိုယ့်ကိုမင်းချစ်နေလို့ပေါ့ ကလေးလေးရဲ့"
"အမေ့"
ခုတင်မှ ထရန်ပြင်ရုံရှိသေး။လက်တစ်ဖက်ဆောင့်ဆွဲခံလိုက်ရ၍ ကိုယ်ကအိပ်ယာပေါ်ပြန်ကျကာ ဦီးခေါင်းက သူလက်မောင်းပေါ်ပြန်ကျသွားလေ၏။
"လွှတ် လွှတ်စမ်း။ခင်ဗျားကြီး ကျုပ်ကိုအခုလွတ်"
"ဘာဖြစ်လို့ငြင်းဆန်နေသေးတာလဲကွာ။ကိုယ်တို့ ဒီခုတင်ကြီးမှာပဲချစ်သက်သေ"
"တော်တိတ်။အဲ့ဒါတွေမသိဘူး။အခုလွတ်ပေး။ခင်ဗျားကိုမုန်းတယ်။"
"ဟန်ဆောင်နေရတာမပင်ပန်းဘူးလားညံလေး။ကိုယ်တော့ မင်းကိုကြည့်ပြီးသနားတယ်။မင်း ကိုယ့်ကိုချစ်နေရက်နဲ့ ဘာလို့မုန်းယောင်ဆောငိနေရတာလဲဟင်"
"ကျွန်တော် ခင်ဗျားကို မုန်း"
"ဆက်ပြောမယ်ဆိုရင်တော့ နောက်တစ်ကြိမ် ကိုယ့်စိတ်တွေထကြွလာလိမ့်မယ်နော်ဘေဘီ။
ကိုယ့်အကြောင်း မင်းသိပါတယ်။ဟင်းဟင်းဟင်း"