"နေဖမ်းစားသော လမင်း"
**********************
အပိုင်း(၃၀)
***********
ကားမောင်းနေရင်း မသိမသာခိုးကြည့်ရာ၌ မိမိကိုကြည့်မနေ။အပြင်ကိုငေးနေသော သူကြောင့် ပိုင်စိုးပြုံးမိသည်။
ဟိုတနေ့ကကိစ္စ သူအခဲကျေသေးပုံမရ။ဒါကြောင့် ခုထိကိုစိတ်ဆိုးနေတာပဲဖြစ်မည်။"ညံ"
"ညံ ကိုကိုခေါ်နေတယ်လေ။လှည့်ကြည့်လေကွာ။ ဟာ. . .ကျစ်"
ကားကိုလမ်းဘေးတနေရာရပ်လိုက်ပြီး တစ်ဖက်လှည့်နေတဲ့သူ့ကို ပိုင်စိုးဘက်ဆွဲလှည့်ပစ်လိုက်၏။
"ခင်ဗျား ဘာလဲ။ကိုယ့်ဟာကိုမောင်းပါလား"
'မမောင်းဘူး။ညံဘာဖြစ်နေတယ်ဆိုတာအရင်ပြော။"
"ဘာမှမဖြစ်ဘူး။ကျွန်တော်စိတ်ရူတ်နေလို့။"
"ဘာကိုရူတ်တာလဲ။"
"ဟာ ကိုယ့်ဟာကိုရူတ်တာတောင်ရူတ်ခွင့်မရှိဘူးလား။ဘာလဲ ဘယ်သူကိုရူတ်တာလဲ။ဘာကြောင့်လဲ။ဘယ်လိုပတ်သက်နေလဲမေးအုံးမှာ။ဒေါသထွက်အုံးမှာပဲမလား"
စိတ်ဆိုးလာရင်နူတ်ခမ်းလေးကအလိုလိုစူလာကာ အဘိုးအိုလေးလိုပွစိပွစိရေရွတ်နေတတ်သောချစ်သူလေးကိုကြည့်ကာ ပိုင်စိုးစိတ်ထဲသဘောကျနေမိ၏။
"တော်ပါတော့ညံရယ်။ကိုယ်ဘာကြောင့် အဲ့ဒိလိုဖြစ်နေရတာလဲ။ဘာကြောင့်စိတ်တွေခက်ထန်နေလဲ။ချစ်ခွန်းညံဆိုတဲ့မင်းကိုအရမ်းချစ်မိသွားလို့လေ။ချစ်လွန်းလို့သဝန်တိုမိတာလေကွာ။ဒါအပြစ်တစ်ခုလား။အပြစ်ဆိုလဲမင်းကြိုက်တာလုပ်။ကိုယ်နာခံပါ့မယ်"
မင်းဘာတတ်နိုင်သေးလဲခလေးရယ်။ကြွေဆင်းစမ်းကွာ။
"တော်ပြီ။ကားဆက်မောင်းတော့"
'အင်း။ပြီးရော။စိတ်မဆိုးတော့ဘူးမဟုတ်လား။အခုယောက္ခမအိမ်သွားနေတာနော်။မျက်နာပြုံးထား။ပြုံးလေကွာ။အယ် ပြုံးတော့မယ်။"
"ဟာဗျာ။ခင်ဗျားတော့ မောင်းစရာရှိတာမောင်း"
"ညံရယ် အဲ့လိုလေးပဲပြုံးရယ်နေပေးပါကွာ။ကိုယ့်ဘဝမှာလေ ခြောက်သွေ့နေခဲ့တာကြာပါပြီ။မင်းကြောင့်ပြန်စိုပြည်လာရတာပါ။ကိုယ့်ကိုမထားခဲ့ပါနဲ့ကွာနော်"