"နေဖမ်းစားသော လမင်း"
******************
အပိုင်း(၂၂)
××××××××
ညံ မှားသွားတာလား။ဘာကြောင့်သူ့အလိုလိုက်လျောမိတာပါလိမ့်။
စိတ်ထဲကသူ့ကိုချစ်နေပြီလား။မဖြစ်နိုင်တာ။သူကိုညံမုန်းနေတာပဲ။
အချစ်ဆိုတာယောက်ျားချင်းဘယ်လိုဖြစ်နိုင်မှာတဲ့လဲ။ဒီလူကလဲညံ့ကိုခဏတာသာယာနေတာပဲဖြစ်မှာပါ။နောက်တစ်ချိန် သူသဘောကျတဲ့လူတွေ့ရင် ညံ့ကိုပစ်ခွာသွားမှာပဲဟာ။ညံလဲဒီလူဆီမှာတသက်လုံးမနေ။မဟုတ်ဘူး။မဟုတ်ဘူး။"မဟုတ်ဘူး"
"ရှင် သမီးဘာမှားလို့လဲ ကိုညံ"
ညံရှေ့မှာ ကြက်သားဟင်းချက်နေသော ကောင်မလေး အထိတ်တလန့်ပြန်မေးလာသည်။
ညံအတွေးတွေ လွန်နေတာပဲ။သတိနင့်ပြန်ထိန်းကာ"ဘာမှမမှားပါဘူး။အမှန်ပါပဲ။"
"မသိပါဘူး။သမီးများတခုခုမှားတာလားလို့။ကိုညံ"
"ပြော"
"သမီးနဲ့ဒေါကြီး မြို့ထဲသွားမလို့။ကိုညံလိုက်မလား။'
"မလိုက်တော့ပါဘူး။ငါအေးဆေးနားမယ်။ဂရုစိုက်သွားကြ။"
"ဟုတ်ကဲ့"
မီးဖိုထဲလုပ်စရာရှိတာလုပ်ပြီးသွားပြီမို့ အားလပ်နေပြီ။တစ်အိမ်လုံးမှာညံတစ်ယောက်ထဲ။ခြံအလုပ်သမားတွေရှိပေမဲ့မသွားချင်။ဧည့်ခန်းထဲ ရုပ်ရှင်ထိုင်ကြည့်နေရင်းဖြင့် ကိုမိုးညိုကိုသတိရသွားသည်။သူ့ဆီသွားရင်ကောင်းမလား။ဦီးပိုင်စိုးကရော ။သူကညံ့အိမ်ခြံအပြင်ပေးထွက်တာမဟုတ်။သိသွားရင် အရင်လိုဆိုးသွမ်းနိုင်သည်။ရုပ်ရှင်ဆီ မျက်လုံးရောက်နေပေမဲ့ စိတ်ကတခြားမှာ။
"ကိုပိုင်ရေ ကိုပိုင်"
လာပါပြီ။ကျက်သရေတွေဆိတ်သုဉ်းပါပြီ။
အဲ့ဒိပျစ်ချွဲချွဲအသံကို ညံဘယ်လိုမှခံစားမရ။အိမ်ထဲပိုင်စိုးပိုင်နင်းဝင်တာကိုလဲမကြိုက်။ဦီးပိုင်စိုးကိုပြောထားရအုံးပေမည်။
ထိုင်ရာကမထပဲ"သူမရှိဘူး။ရုံးသွားတယ်။"
"သြော်။ဟုတ်သားပဲ။ဒီနေ့အလုပ်ဖွင့်ရက်ပဲ။"