"နေဖမ်းစားသောလမင်း"
+++++++++++++++
အပိုင်း(၃၇)
***********
"အမေကြီးရယ် ခုတလော စီးပွားလဲမကောင်း။အိမ်သားတွေလဲကျန်းမာရေးညံ့နေကြတယ်။အဲ့ဒါ စီးပွားရေးအဆင်ပြေလာဘ်ပွင့်အောင် ပွဲတစ်ပွဲလောက်ပေးချင်လို့ပါ""အေးပေါ့။နင်တို့ကခလုတ်ထိမှ အမိတလာတာကိုး။
ဘေးဖြစ်မှ နတ်တွေသတိရတယ်ဟုတ်လား။""အမေရယ် အမိုက်အမဲလေးဗွေမယူပါနဲ့။အမေ့ကိုအားကိုးလို့လာရတာပါ။ဒီလိုပွဲလမ်းသဘင်က အမေကိုယ်တိုင်စီရင်မှအောင်မြင်တာမဟုတ်လား"
"ဟုတ်ပါပြီ။ယုံကြည်ကိုးစားလာတော့လဲ ယုံကြည်ထိုက်သုဖြစ်အောင်ပြရမှာပေါ့။နင်နဲ့ငါက ပြောစရာလူတွေမှမဟုတ်ဘူး။နင့်ဘက်ကလုပ်စရာရှိတာလုပ်ထား။အိမ်မှာပဲမဟုတ်လား"
"ဟုတ်အမေ။ဒါကအမေ့အတွက်စရံငွေပါ"
လက်မောင်းရင်းနားပင်ကပ်လုနီး ရွေတွေညွတ်နေအောင်ဆင်ထားသည့် ဝဖိုင့်ဖိုင့်အဒေါ်ကြီးနင့်
နတ်ကတော် မေမေကြီးခင်မောင်တို့အပြန်အလှန်ပြောဆိုနေကြသည်ကိုနားထောင်ရင်း ပျိုစွဲ ပြုံးမိ၏။ချမ်းသာတဲ့လူတွေများကျတော့လဲ အရာရာကိုငွေနင့်ဖြေရှင်းချင်ကြသည်။တခုခုဆို ငွေ။တခုခုဆို ငွေပါမှ။
ငွေနင့်ပေါက်ကာ ဖြေရှင်းလိုကြ၏။အထူးသဖြင့်သူဌေးကတော်ဆိုသုများပေါ့။"ဟဲ့ အနောက်မှာ ဘယ်သူရှိလဲ။လာကြစမ်း ဒီကို"
"လာပြီ လာပြီမေမေကြီး"
'သြော်။အေး ပျိုစွဲ ရော့ ဒီငွေကိုယူသွား။အခန်းထဲထားထားလိုက်။ကဲ အတင်ရေ ရှင့်အလုပ်ကို ကျွန်မလက်ခံလိုက်ပြီနော်။စိတ်ချလက်ချပြန်။
စီစဉ်စရာရှိတာစီစဉ်ပေတော့။"'ကျေးဇူးကြီးပါတယ်အမေ"
ပျိုစွဲ မေမေကြီးကမ်းပေးသောပိုက်ဆံထုတ်ကိုယူကာ အိပ်ခန်းအတွင်းသွားထားပေးလိုက်၏။ဤအိမ်ကြီးမှာကား ပျိုစွဲအပါအဝင်လူဆယ်ယောက်ထက်မနည်းရှိကာ အများစုက နယ်မှလာကြသူများပင်။ရန်ကုန်၌စားဝတ်နေရေးခက်ခဲမူကြောင့် မေမေကြီးဆီရောက်လာကြသူများပင်။
အပြင်လောက၌ သူတို့အား မိန်းမလျာများ။ဘုန်းကံနိမ့်။သူများသားမယားဖျက်ဆီးခဲ့၍ ဒီဘဝအခြောက်ဖြစ်ခြင်းစသည်ဖြင့်နည်းမျိုးစုံရူတ်ချကြသော်လဲ
ဘဝတူ့ချင်းစုဝေးနေသည့် ဤအိမ်လေးထဲမှာတော့ တစ်ဦီးနင့်တစ်ဦီးချစ်ခင်စည်းလုံးကာ ရိုင်းပင်းကူညီတတ်ကြ၏။အားလုံးကမိသားစုသဖွယ် ညီညွတ်ကြသည်။စာနာနွေးထွေးကြလေ၏။