"နေဖမ်းစားသော လမင်း"
^^^^^^^^^^^^^^^^^^^^^^^
အပိုင်း(၁၆)
းးးးးးးးးးးးးးး
ရန်ကုန်မြို့၏ညအချိန် မီးရောင်များထိန်ဝင်းတောက်ပနေသလို ညနက်ချိန်ရောက်ပေမဲ့ လူသွားလူလာများနငိ့စည်ကားနေဆဲ။
ရောင်စုံမီးများ။ကားများမှာလဲဥဒဟို သွားလာနေဆဲ။
မီးပွိုင့်တွေကျော်ဖြတ်ခဲ့ပြီးချိန် လူရှင်းသည့်တစ်နေရာ အရောက်ကားကိုရပ်လိုက်တော့ နံဘေးမှစုကလှည့်ကြည့်လာသည်။"ဘာဖြစ်တာလဲ ကိုပိုင်။"
"ဘာဖြစ်တာလဲ ဆိုတာထက် ဘာကြောင့် ခုလိုလုပ်ရတာလဲဆိုတာကို ကိုယ်ပြန်မေးချင်တယ်စု"
"ကိုပိုင် ဘာကိုပြောချင်တာလဲ။ခုနကကိစ္စကိုလား။"
"ဟုတ်တယ်။ကိုယ်အစအဆုံးမြင်တယ်။စုကမိန်းကလေးဖြစ်တဲ့အတွက် အများရှေ့မှာငဲ့ညှာတဲ့အနေနဲ့စုဘက်ကရပ်တည်ပေးတာ။ပြောပါ။ဘာကြောင့်လဲ ဘာကြောင့်ချစ်ခွန်းညံကိုခုလိုလုပ်ရတာလဲ။"
"အဟင်း။ကိုပိုင်က ဒါကိုစိတ်ခုနေတာပဲ။ဘာရယ်မဟုတ်ပါဘူး။သူ့ကိုစလိုက်တာပါ။ဒီလောက်ထိကြီးကျယ်သွားမယ်မထင်ထားမိဘူး။"
"စု၊"
"နေပါအုံးကိုပိုင်။အခြေအမြစ်မရှိတဲ့ သာမန်အလုပ်သမားတစ်ယောက်အတွက် ကိုပိုင့်အသိမိတ်ဆွေဖြစ်တဲ့ စုကို အော်ချင်နေတာလား။"
"ကိုယ်ရှည်ရှည်ဝေးဝေးမပြောချင်ဘူး။ချစ်ခွန်းညံက ဘဝသမား။ဆင်းရဲတယ်။အရွယ်နဲ့မလိုက်အောင် လောကဓံကိုရင်ဆိုင်ထားရတာ။ဒါကြောင့် ကိုယ့်အနားမှာခေါ်ထားတာ။အလုပ်သမားမှန်တယ်။ကိုယ့်စိတ်ထဲမှာတော့ ကိုယ့်ညီလေးလိုသဘောထားထားတာ။နောက်ပြီး သူလဲလူသားတစ်ယောက်။ခံစားချက်ရှိတယ်။အရှက်သိက္ခာရှိတယ်။"
"ဆင်းရဲတိုင်းသာ သနားကြစတမ်းဆို ကိုပိုင်ရယ်။
မြန်မာပြည်မှာလူဆင်းရဲတွေတစ်ပုံကြီး။လိုက်သနားနေလ်ု့တောင်ကုန်မှာမဟုတ်ဘူး""ကိုယ် စုကိုခင်ပါတယ်။ဒါပေမဲ့ လိုရင်းပြောလိုက်မယ်။နောက်တစ်ကြိမ် စုကနေ ချစ်ခွန်းညံကို အခုလို ကလေးကလားဆန်ဆန်လုပ်ရပ်မျိုး အပြူအမူမျိုးထပ်မလုပ်မိပါစေနဲ့။ကိုယ်မကြိုက်ဘူး။"