part 21

2.9K 103 0
                                    

"နေဖမ်းစားသော လမင်း"
           ********************
အပိုင်း(၂၁)
**********
   "ဝါးးး"

အိပ်ယာနိုး။ထထိုင်အကြောဆန့်ရင်း သမ်းဝေလိုက်သည်။နံဘေးကဦီးပိုင်စိုးကတော့ တစ်ဖက်လှည့်အိပ်ပျော်နေဆဲပင်။
နေမထွက်ခင် နိုးတတ်သောညံ။ယခုတော့ ညကရုပ်ရှင်ကြည့်များသွား၍ နေမြင့်မှနိုးလာ၏။ဦီးပိုင်စိုးလဲ ညကအလုပ်များနေသောကြောင့်ညံအိပ်ရာဝင်မှလိုက်ဝင်သည်။တစ်ခုတင်ထဲအိပ်တာမို့ စိတ်ထဲလန့်နေသော်လဲ ဒီလူကြီးကစကားတည်သည်။။ဒီလူကြီးခုနောက်ပိုင်း နူးညံ့လာတာကိုကျေးဇူးတင်ရပေမည်။စောင်ကိုဖယ်ကာ ခုတင်မှဆင်းလိုက်သည်။

"မနက်ခင်း ထုံးစံကိုမေ့နေတာလားချစ်ခွန်းညံ"

"ဟင် ခင်ဗျား နိုးနေတာလား။"

"အင်းလေ။မင်းမနိုးသေးတာနဲ့စောင့်နေတာ။ကဲ လာလာ ထုံးစံအတိုင်း။"

တစ်ဘက်လှည့်နေသော ဦီးပိုင်စိုး ညံ့ဘက်လှည့်လာ၏။နဖူး၌ဝဲကျနေသောဆံပင်တွေကိုသပ်တင်လိုက်ရင်း  ပါးတစ်ဖက်ဖောင်းထားပေး၏။ခုလိုကျတော့လဲ ခင်ဗျားကကလေးလိုပါပဲလားဗျာ။
ညံ ထိုပါးဖောင်းဖောင်းကိုနမ်းလိုက်ကာ

"ကျွန်တော် ခင်ဗျားကိုအရမ်းချစ်တယ်ဦီးပိုင်စိုး"

"ကိုယ်လဲ မင်းကိုချစ်တယ်ညံ။သွား အလုပ်သွားလုပ်တော့။"

"ခင်ဗျားကရော"

"ငါးမိနစ်လောက်ပြန်အိပ်အုံးမယ်လေ။မနက်စာပြင်ပြီး ကိုယ့်လာနိုး။ဟုတ်ပြီလား"

"အင်း"

သူကပြောပြီးသည်နင့်တစ်ဖက်လှည့်အိပ်သွားလေပြီ။ညံ မျက်နာသစ်။သွားတိုက်ပြီးသည်နင့် အောက်ထပ်ဆင်းလာကာ မီးဖိုချောင်ဝင်လာခဲ့၏။မီးဖိုချောင်မှာကား ဘယ်သူမှအလုပ်မလုပ်နေ။
သန့်ရှင်းရေးလုပ်ပြီး အလှဆင်နေကြ၏။

"ဟင် ဘာလုပ်နေကြတာလဲ။ထမင်းဟင်းမချက်ဘူးလား။"

"အဲ့ဒါတွေလား။ချက်ပြီးပြီလေကိုလေးညံ။ခုကပွဲတစ်ခုရှိလို့။"

"ဟုတ်လား။ဘာပွဲလဲ။"

"အဟီးးးးကိုလေးညံကိုမပြောရဘူးတဲ့။သူဌေးမှာထားတယ်။ကြည့်ရတာ အလုပ်ကအောင်မြင်မူရထားလို့ထင်တာပဲ။"

"နေဖမ်းစားသော လမင်း"Where stories live. Discover now