"နေဖမ်းစားသော လမင်း"
**********************
အပိုင်း(၃၆)
**********
"ကျွန်တော်တည်ထောင်တဲ့ Golden အုပ်စုကို အခုလိုအောင်မြင်မူတွေထိန်းသိမ်းပေးထားတဲ့ ကျွန်တော့်ရဲ့ဝန်ထမ်းများ။ဒါရိုက်တာများ။ယုံကြည်ပေးကြတဲ့အစုရှယ်ယာရှင်များနင့်အတူ ကျေးဇူးတင်ထိုက်သူများအားလုံးကို ကျွန်တော် ပိုင်စိုးခန့်က အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။အခု ကျွန်တော့်ကျန်းမာရေးအခြေအနေပြန်လည်ကောင်းမွန်လာပြီဖြစ်တဲ့အတွက် လစ်ဟာနေတဲ့ ကုမ္မဏီဥက္ကဌတာဝန်နင့်အခြားကိစ္စများအတွက် ပြန်လည်ထမ်းဆောင်တော့မယ်ဆိုတာပါ တစ်ဆက်တည်းအသိပေးလိုက်ပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်""ဖြောင်း ဖြောင်း ဖြောင်း"
"ကြိုဆိုပါတယ်ဥက္ကဌဦီးပိုင်စိုး။ဦီးပိုင်စိုးအပေါ်အမြဲယုံကြည်ပြီးသားပါဗျာ"
ကုမ္မဏီခန်းမအတွင်း သြဘာသံများစည်ဝေသွားခဲ့၏။
ပိုင်စိုးခန့်၏တည်ကြည်မူ။စာနာထောက်ထားတတ်သလို ရဲရင့်ပြတ်သားသည့် ဂုဏ်သတင်းကလဲ စီးပွားရေးလောကအတွင်း
နာမည်ကြီးလေ၏။ယခု အချိန်ကြာနေခဲ့ပြီဖြစ်သောသူ၏ဆောင်ရွက်ဖွယ်ရာ တာဝန်များအတွက်
ပြန်လည်ဝင်ရောက်သည့်ပွဲလဲဖြစ်လေ၏။အလုပ်များကြား ပင်ပန်းနေသောဝန်ထမ်းများကိုလဲ အနားပေးခြင်းဖြစ်ပါသည်။"ကိုပိုင်"
"သြော် စု"
စုအိမ့်စံမှာ အနက်ရောင်ဂါဝန်ဖြင့် မီးရောင်အောက် သစ်လွင်လှပနေသည်။သူမ၏အလှအောက် ခန်းမထဲမှယောက်ျားတော်တော်များများ ညှို့ယူခံရသည့်ပမာ ငေးမောနေကြ၏။
"ဂုဏ်ပြုပါတယ်ကိုပိုင်"
"ကျေးဇူးစု။တစ်ယောက်တည်းလား"
"အန်ကယ်ပါတယ်ကိုပိုင်။မမသက်တော့ ခေါင်းမူးလို့တဲ့။မလိုက်ဘူး။အန်ကယ်က
ဟိုမှာ"ခန်းမထောင့်စားပွဲဝိုင်း၌ရှိနေကာ မိတ်ဆွေများနင့်စကားပြောနေသောဖေဖေ။
ပိုင်စိုးဆီလှမ်းကြည့်ကာ ပြုံးပြ၏။လူကြီးတွေစကားဝိုင်း မဝင်လိုသည်မို့အသာပင်ခေါင်းညိမ့်ပြလိုက်သည်။"ကိုပိုင့်ကွန်ယက်က တော်တော်ကျယ်သားပဲ။သည်အတိုင်းဆို နိုင်ငံတကာ ကုမ္မဏီကြီးတွေနဲ့ယှဉ်လို့ရပြီ"