"နေဖမ်းစားသော လမင်း"
************************
အပိုင်း(၂၅)
*************
ကားကိုသေချာဂရုစိုက်မောင်းလာရင်း ဘေးခုံမှ ပုံထုတ်ပြီးသော ဓာတ်ပုံများကိုသေချာစွာကြည့်လိုက်သည်။ရှင်းလင်းပြတ်သားသောပုံတွေက မကြာခင် ငွေထုပ်အဖြစ်ပြောင်းလဲပေတော့မည်။ချိန်းဆိုထားသော စားသောက်ဆိုင်ရှေ့အရောက် ကားကိုရပ်လိုက်ကာ ဆိုင်ထဲဝင်ခဲ့၏။
မျက်လုံးတွေက လူတစ်ယောက်ကိုပတ်ရှာနေမိစဉ်"ငါ ဒီမှာ။"
အိမ်ထောင်သည်ဖြစ်သော်လဲ ခေတ်မှီအလှသွေးကြွယ်နေဆဲဖြစ်သည့် မိန်းမလှလေးထိုင်နေရာစားပွဲဝိုင်းဆီချဉ်းကပ်သွား၏
"ဘယ်မှာလဲ။ပုံတွေ"
"ဒီမှာ။"
သူပေးလိုက်သော ပုံများကိုသူမကသေချာစွာစိုက်ကြည့်ရင်း ပြုံးနေ၏။
ရုပ်လေးလှသလောက် အဆိပ်ပြင်းကာ မာယာများသောသူမ။
ယခုလဲ တစ်စုံတစ်ရာလုပ်တော့မည်ဆိုတာ မပြောပဲသိသာသည်။"နင်တော်တယ် အောင်ထက်။ဒီမှာ နင့်အတွက်ဘောက်ဆူး။အေးဆေးနားနေတော့။ငါလိုအပ်ရင် ထပ်ခေါ်မယ်။"
"ဟုတ်ကဲ့မမ"
"ငါစားစရာတွေမှာထားတယ်။အေးဆေးစား။အကုန်ရှင်းခဲ့ပြီးသား"
တက်ကြွလျင်မြန်သောခြေလှမ်းများဖြင့် သူမကဆိုင်အပြင်ဘက်ထွက်သွားလေပြီ။အောင်ထက် မိမိအရှေ့ကငွေနစ်ထုပ်ကိုကြည့်ရင်း အတွေးပွားနေမိဆဲ။
တန်လားမတန်လားမသိတော့ ။သေချာတာကတော့ မိမိအတွက်စရိတ်ခိုင်သွားလေပြီ။ငွေနစ်ထုပ်ကို ပါလာသည့်ကျောပိုးအိတ်ထဲထည့်ရင်း စားစရာများအသင့်စောင့်နေလိုက်တော့သည်။
***************************************************
"ဟလို အမိန့်ရှိပါ။""ဒေါ်ကြီးလား။ကျွန်တော်မြတ်မင်းပါ။"
"သြော် မောင်မြတ်မင်း။ဘာမှာမလို့လဲ"
"ဘာမှမမှာဘူးဒေါ်ကြီး။သူဌေး နေမကောင်းဘူး။သူအိမ်ပြန်လာနေပြီ။အဲ့ဒါ ဆရာဝန်လဲဖုန်းဆက်ပေးထားတယ်။ညံကိုပြောလိုက်ပါအုံး"
"အေးအေး။ဒေါ်ကြီးပြောလိုက်မယ်။"
ဒေါ်ကြီးနု ဖုန်းချလိုက်ပြီးသည်နင့် မီးဖိုခန်းဆီလျှောက်လာခဲ့၏။ချစ်ခွန်းညံသည်ကား ထမင်းဟင်းချက်ကျွမ်းကျင်နေပြီဖြစ်သလို သဘောရိုးဖြောင့်ကောင်းမွန်သူဖြစ်၍ အိမ်သူအိမ်သားများ။အလုပ်သမားတွေနင့်ပါ ရင်းနီးနေပြီဖြစ်သည်။ဒေါသ။အော်ငေါက်သံများမရှိတော့သည့်အိမ်သည် အေးချမ်းနေမြဲသာ။