"နေဖမ်းစားသောလမင်း"
*********************
အပိုင်း (၂၉)
************
"ကိုကြီး"စာကြည့်နေသော ကိုကြီး သက်မူးကိုမော့ကြည့်လာ၏။
မျက်မှန်ဘောင်ကကျော်ကြည့်လာသောအကြည့်တွေအတွက် မျက်လွာချကာ စိတ်ကိုလျော့ချလိုက်သည်။မာယာတွေထုတ်သုံးလိုက်စမ်းသက်မူးအိမ်။ဒီလူကြီး နင့်မာယာကျော့ကွင်းကလွတ်မြောက်ရိုးမရှိပါဘူး။"ပြောလေ သက်။ခလေး ဘာလိုချင်လို့လဲ"
"သဘက်ခ်ါဆို ဘာနေ့ရောက်ပြီလားသိလား"
"ဟင် ။ဘာနေ့တုန်း တနင်္လာပေါ့။ဘာထူးဆန်းနေလို့လဲ"
"သြော်။ကိုကြီးကမေ့နိုင်ပေမဲ့ သက်မူးကမမေ့နိုင်ဘူးကိုကြီးရဲ့။ကိုကြီးနဲ့အန်တီ့ရဲ့မင်္ဂလာနစ်ပတ်လည် ဖြစ်သလိုအန်တီဆုံးတာ ၆နစ်ပြည့်တဲ့နေ့လေ။"
"ဟင်"
ဝမ်းနည်းပြလိုက်စမ်း။မျက်ရည်တွေရစ်ဝိုင်းလိုက်။ရှင်ဘာတတ်နိုင်အုံးမလဲလေ။ဟင်းဟင်း။
"ခလေးကဘာလုပ်ချင်လို့လဲ။"
"ဟို အိမ်မှာဘုန်းကြီးဆွမ်းကပ် အလှူလေးလုပ်မယ်။ကိုနေဖြိုးညီအကိုလဲစုံစေပြီး မိသားစုထမင်းလက်ဆုံစားစေချင်တယ်။ပြီးတော့ ဟိုတခါပြောတဲ့မင်္ဂလာကိစ္စလေးလဲ ပြောကြမလားလို့လေ။"
"နေ နေပါအုံး။အဲ့ဒိလိုတွေလုပ်တာက ခလေးကိုထိခိုက်စေမယ်မတွေးဘူးလား။အငယ်ကောင်ကလဲ သက်ကိုမုန်းနေတာလေ။ကိုကြီးတော့မလုပ်စေချင်ဘူး။ကိုကြီးတို့ဘာသာပဲ အလှူလုပ်မယ်လေ။မိသားစုထမင်းပွဲကတော့မဖြစ်နိုင်ဘူးထင်တယ်ကလေးရယ်။"
သက်မူးအိမ် ကိုကြီးရှေ့ဒူးထောက်လိုက်ကာ ဒူးခေါင်း၌ခေါင်းတင်မှီလိုက်၏။
"ကိုကြီးရယ် သက်မှူးကသက်မူးဘဝသိပါတယ်။သူများမိသားစုတွေမြင်တိုင်း တစ်ယောက်ထဲအထီးကျန်သလိုဖြစ်နေတဲ့ကိုကြီးကိုသက်မူးသနားတယ်။သက်မူးလဲကလေးမှမရနိုင်သေးတာကို။သက်မူးအဆင်ပြေပါတယ်။ကိုကြီးကို မိသားစုဝင်တွေနဲ့အတူထမင်းစားနေတဲ့မြင်ကွင်းလေး မြင်ချင်လို့ပါ။ကွဲကွာနေတဲ့မိသားစုဝင်တွေကိုပြန်ဆုံစည်းစေချင်လို့ပါ။သက်မူးပြောသလို ကိုကြီးကမလုပ်ပေးနိုင်ဘူးလားဟင်။ကိုကြီးအတွက် သက်မူးစေတနာတွေ ပစ်ပယ်မလို့လားဟင်"