"နေဖမ်းစားသော လမင်း"
***********************
အပိုင်း(၃၈)
************
ပတ်ဝန်းကျင်သည်ကား နေရောင်တောက်ကာ လှပအသက်ဝင်နေလျှက်။
လက်လုပ်လက်စားများသော ရပ်ကွက်မို့ အားလုံးအလုပ်သွားနေကြ၍ နေ့ခင်းဘက်လူအသွားအလာသိပ်မရှိ။လမ်းဆိုတာကလဲ နာမည်ခံသက်သက်ရယ်သာ။မြို့ထဲလမ်းမတွေ ကောင်းသလို ဤရပ်ကွက်လေးကလမ်းကတော့ အချိုင့်အထစ်တွေနင့်ပင်။အင်္ဂလိပ်ခေတ်က လုပ်ထားသလားထင်ရအောင် ဟောင်းနွမ်းပျက်င်္စီးနေချေပြီ။
လမ်းပျက်ကို မည်သူမှလဲမပြင်။သည်အတိုင်းသာအသုံးပြုနေကြသည်။
လမ်းမကိုငေးကြည့်ရင်း အပူများလှသော မိမိဘဝနင့်တူသယောင်ယောင်ထင်မိ၏။"ပျိုစွဲ ပျိုစွဲ ဒီနေ့နတ်ကရမှာလေ။ဘာမှမပြင်ဆင်ရသေးပါလား"
မကြီးမှာ အကျီတွေရွေးထုတ်လာရင်း ပျိုစွဲအနားရောက်လာ၏။တခြားသူများကတော့ သွားနင့်ကြပေပြီ။အိမ်၌ မကြီး။မဖြိုးနင့် ပျိုစွဲ။ဝိုင်းချစ်လေးသာကျန်ခဲ့၏။
" ကျွန်တော် မကတော့ဘူး"
"ဟင် ဘာဖြစ်လို့တုန်း"
"ဝိုင်းချစ်လေး နေမကောင်းဘူးလေ။သူ ညကလဲချောင်းဆိုးတယ်။ကိုယ်နွေးနေတယ်။ခုမနက်လဲနွေးနေသေးလို့ စိတ်မချလို့လေ။အိမ်မှာ နေခဲ့တော့မယ်"
"အေအေး။ဒါဆိုအိမ်မှာပဲနေခဲ့။
အိုးထဲမှာထမင်းဟင်းတွေရှိတယ်။ခူးခပ်စား မကြီး ညမှပြန်လာမယ်။သွားစရာရှိ တံခါးတွေသေချာပိတ်အိပ်နော်""ဟုတ်ကဲ့မကြီး"
"မိဖြိုးရေ ပျိုစွဲကရမဲ့ အမေပုလဲယဉ်အတွက် နင်ပဲတာဝန်ယူလိုက်တော့"
"ဟယ် ဘာဖြစ်တာလဲ။ပျိုစွဲပဲ လုပ်ချင်လို့ဆို။"
"ဒီဟာမကလဲ တခုခုဆို နည်းနည်းပြန်ပြောလိုက်ရမှ ။ပျိုစွဲက ဝိုင်းချစ်ထိန်းမှာဟေ့။ဝိုင်းချစ်နေမကောင်းဘူး"
"သြော်။ဟုတ်လား။ပြီးရော ပြီးရော။
ပျိုစွဲ ဝိုင်းချစ်ရာ""အခန်းထဲ အိပ်နေတယ်။ဆေးတိုက်ထားတယ်လေ။"
"အေးအေး။အရေးအကြောင်းရှိ မဖြိုးတို့ကိုဆက်သွယ်နောါ"