"နေဖမ်းစားသော လမင်း"
ံ့:::::::::::::::::::::::::ံ့
အပိုင်း(၁၃)
++++++++"ကိုပိုင်ရေ ကိုပိုင်"
မိန်းကလေးအသံကြောင့် ညံ ထိုင်ခုံမှထကာ လှမ်းကြည့်လိုက်သည်။
ဆံပင်ရွှေအိုရောင်နင့် စကက်အတိုကိုဝတ်ဆင်ထားကာ လက်ထဲမှာလဲခရီးဆောင်အိတ်နင့်။သူမကလဲ ညံ့ကိုမြင်သွားပုံရကာ မျက်မှောင်ကြုတ်ကြည့်နေလေတော့သည်။"နင်ကဘယ်သူလဲ။ဘာကိစ္စ ကိုပိုင့်အိမ်ထဲရောက်နေတာလဲ။"
"ငါဘယ်သူဖြစ်ဖြစ် နင်သိစရာလိုလား။နင်သိ ချင်တာ ကိုပိုင်စိုးမဟုတ်လား။သွား အိမ်ထဲမှာရှိတယ်။ငါ့ အတွက် စားစရာသွားလုပ်ပေးနေတယ်။"
"ဘာ သူကနင့်ကိုစားစရာလုပ်ပေးတယ်။မဖြစ်နိုင်တာ"
'မယုံသွားကြည့်ပေါ့။ငါကတော့ အေးဆေးစာအုပ်ဖတ်ရင်းစောင့်လိုက်အုံးမယ်။
ကိုပိုင်ရေ ကျွန်တော် ဗိုက်ဆာပြီ။စားစရာလာပေးတော့လေ"အံ့သြမင်သက်သွားသည့်သူမမျက်နာ။ ချစ်ခွန်းညံတဲ့။ဒီလိုမာရေကျောရေလာလုပ်လို့ကတော့ နစ်ဆပြန်ရွဲ့တတ်တယ်။
"လာပြီကွ။ဘာဖြစ်နေတာလဲ။ သြော် စု ဘယ်တုန်းကရောက်နေတာလဲ"
"ကိုပိုင်က သူ့ကို စားစရာလုပ်ပေးနေတယ်"
စွတ်ပြုတ်ပန်းကန်လုံးထည့်ထားသည့် ဟင်းသောက်ပန်းကန်လုံးကို ပန်းကန်ပြားတစ်ချက်နင့်သယ်လာသည့် ဟိုလူကြီးကိုတော့ ကောင်မလေး မျက်နာဟန်ပင်မဆောင်နိုင်။အာမေဋိတ်စကားနင့် အတူ တအံ့တသြ။
"ကိုပိုင် ဘာကြောင်ကြည့်နေတာလဲ။ဒီမှာလာချလေ။ဗိုက်ဆာနေပြီ"
ဧည့်သည်ရောက်နေတာညံရေ။ခိုင်းထား ခိုင်းထား။ဟင်းဟင်း ဒီလိုအကွက်ကိုချောင်းနေတာ။
"သြော်။ဒီလိုလေ စုရ။သူကကိုယ့်အိမ်အကူကောင်လေးပေါ့။ခုနေမကောင်းဖြစ်နေတာလေ။လမ်းတောင်မလျှောက်နိုင်လို့ ကိုယ်လုပ်ပေးနေတာလေ။"
"သြော်။ထားပါ။ကိုပိုင်ရော အမေရိကမသွားတော့ဘူးလား။"
"ဟုတ်တယ်။ကိုယ်မြန်မာပြည် အပြီးပြန်လာတာ။စုရော "