"နေဖမ်းစားသော လမင်း"
*********************
အပိုင်း(၄၀)
************
"ရောင်စဉ် ညီ။မနက်စာစားရအောင် သူဌေးသွားခေါ်တော့။
အလုပ်ပိတ်ရက်ဆိုတော့ သူဘယ်မှသွားလောက်မှာမဟုတ်ဘူး။အိပ်နေတာပဲနေမှာ""ဟုတ်ကဲ့ ဦီးမြတ်"
ဦီးမြတ်ကို အလွယ်တကူကတိပေးလိုက်ပေမဲ့ သူဌေးကို အခုထိ ရောင်စဉ်ရဲရဲမကြည့်ရဲသေး။မိမိအကိုရဲ့အပြစ်အတွက်လဲပါသလို ရောင်စဉ်တို့နင့်မရော။ကိုယ့်ဘာသာသီးခြားနေတတ်သော သူဌေးကိုရောင်စဉ် မျက်နာချင်းတောင် မဆိုင်ဝံ့သေး။
"ဒေါက် ဒေါက် ဒေါက်"
"သူဌေး မနက်စာစားလို့ရပါပြီ။ဦီးမြတ်ခေါ်ခိုင်းလို့"
"ဒေါက် ဒေါက် ဒေါက်"
အတွင်းမှပြန်ထူးသံမကြားရ။
ထို့ကြောင့် နောက်တစ်ကြိမ်ခေါက်ရန် လက်အပြင် တံခါးပွင့်သွားကာ
သူဌေးထွက်လာ၏။"သူဌေး ဦီးမြတ်က မနက်စာစားမယ်တဲ့"
"ငါမစားတော့ဘူး။သွားစရာရှိသေးတယ်။
မြတ်မင်းကိုပြောလိုက်။အလုပ်ကိစ္စတွေ သူပဲဆက်လုပ်ခိုင်းထား""ဟုတ်ကဲ့"
ထူးဆန်းလိုက်တာ။မနက်အစောကြီး သူဌေးကဘယ်သွားမလို့ပါလိမ့်။
အမြဲတမ်း လူကြီးဆန်ဆန်နေတတ်သည့်သူဌေးက ယခုမူ ဂျင်းဘောင်းဘီ။တီရှပ်သာဝတ်ထားကာ ဂျာကင်အနွေးထည်ဝတ်ထား၏။"ဘာတဲ့လဲညီ"
"မစားတော့ဘူးတဲ့။သွားစရာရှိသေးတယ်။
အလုပ်တွေ ဦီးမြတ်ပဲလုပ်ထားပြောတယ်။""သြော်။ဟုတ်ပါပြီ။လာလေ ရောင်စဉ်နဲ့ဦီးပဲစားလိုက်ကြတာပေါ့။"
'ဟုတ်ကဲ့"
နံနက်စာ စားပွဲဝိုင်း၌ ဦီးမြတ်နင့်ရောင်စဉ်မျက်နာချင်းဆိုင်လျှက်။
ရောင်စဥ့်အတွေးထဲ၌တော့ ဦီးမြတ်ကရောင်စဥ့်ကိုမုန့်ခွံ့ကျွေးကာ ယုယနေပုံ။ဟာ ငါဘာတွေတွေးပစ်နေတာပါလိမ့်။
ဦီးမြတ်က သူဟာသူနေနေတာကို။ကော်ဖီခွက်ကိုကြည့်ရာ၌လည်း ပြုံးနေသော ဦီးမြတ်၏မျက်နာ။"နင်မရှိပဲ ငါမနေတတ်တော့ဘူးလေ။နင်မသိပဲ ငါဘာမှမလုပ်ဘူးလေ"
