"နေဖမ်းစားသော လမင်း"
****************************
အပိုင်း(၃၂)
^^^^^^^^^၊^
"ဘဝတစ်ပါးသို့ကူးပြောင်းကွယ်လွန်သွားခဲ့ပြီးဖြစ်သော ဒေါ်(++++)နင့်ကြားကြားသမျှ ဝေနေယျသတ္တဝါများအားလုံး အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့။သာ ဓု သာဓု သာဓု"သုံးကြိမ်သုံးခါအမျှဝေသံပြီးဆုံးသွားပြီးနောက် ရေကရားအိုးလေးထဲမှရေစက်တွေလဲကုန်စင်သွားခဲ့လေပြီ။
ဖိတ်ကြားထားသည့်ဧည့်သည်တချို့ဖြင့်အကျဉ်းရူံးကျင်းပသည့် တရားနာဆွမ်းအလှူပွဲ။ဦီးမြတ်မင်းခန့်အား နေဖြိုးခန့်။ပိုင်စိုးခန့်ညီအကိုနစ်ဦီးရံကာ ပရိတ်သက်ထိပ်ဆုံး၌ တရားနာရေစက်ချနေကြ၏။ညံကတော့ ဦီးပိုင်စိုးအနောက်၌ လက်အုပ်ချီသာဓုခေါ်ရသည်။အားလုံးပြီးနောက် ညံထရန်ပြင်စဉ် ဦီးပိုင်စိုးကအနောက်ဆုတိကာလေသံတိုးတိုးဖြင့်'မင်းက ဘာထလုပ်မှာလဲညံ"
"ရေစင်ခွက်တွေသိမ်းပေးမယ်လေ။"
"မလိုပါဘူး။သိမ်းမဲ့လူရှိနေတာကို။"
"ဦီးပိုင်စိုးကလဲ"
"ဟာ ညံ"
ညံထလိုက်ကာ ဦီးပိုင်စိုးကိုကျော်၍ ဦီးမြတ်မင်းခန့်ရှေ့မှ ရေကရားဗန်းကိုသယ်ကာသိမ်းလိုက်၏။ထို့နောက် ဦီးပိုင်စိုးရှေ့မှ။
ဦီးပိုင်စိုးဖခင်ကတော့ ယခုထက်ထိ စကားမပြောသေး။
စစဆုံစတုန်းကလောက်တော့တင်းမာခက်ထန်မူမရှိတော့ပေ။
တရားနာပြီးနောက် ဧည့်သည်များကို ဧည့်ခံထမင်းကျွေးကြသည်။
ဦီးနေဖြိုးနင့်မမစု မမသက် ဦီးမြတ်မင်းတို့ကအရှေ့မှာဧည့်ခံသလို ညံကလဲ ကျွေးမွေးမူ။ဆေးကြောရေးတွေ၌တာဝန်မလစ်ဟင်းစေရ။မည်သူကမျှမခိုင်းသော်လဲ ကိုယ့်အသိစိတ်ဖြင့်ကိုယ်တာဝန်ယူလိုက်သညိ။
အလှူတစ်ခု၌ ကုသိုလ်ပါဝင်ခြင်းပီတိရသလို ကိုကို့မိသားစုအလူဖြစ်၍လည်းပိုကျေနပ်ရ၏။မိမိအတွေးနင့်မိမိ ကြည်နူးကျေနပ်မိနေစဉ် ပါးတစ်ဖက်ကပူခနဲဖြစ်သွား၏။
လှည့်ကြည့်လိုက်တော့ ပြုံးဖြီးဖြီးမျက်နာကြီးနင့်ငေးနေသူ။"ဟာ ဘယ်လိုလုပ်လိုက်တာလဲ"
"ဘာဖြစ်လို့လဲ။ကိုယ့်ချစ်သူပါး ကိုယ်နမ်းတာ ဘယ်သူသံတော်ဦီးတင်နေရမှာလဲ"