part 41

2K 79 3
                                    

"နေဖမ်းစားသော လမင်း"
**********************
အပိုင်း(၄၁)
×××××××××
ဝိုင်းချစ်အသံလဲမကြားသလို ဆူညံဆူညံနင့်ဝိုင်းဖွဲ့ရယ်မောနေတတ်သည့်မမော်။မဖြိုးတို့သည်လဲတိတ်တိတ်ဆိတ်ဆိတ်။
ထူးဆန်းလွန်းလှ၍ မျက်လုံးဖွင့်ကြည့်လိုက်စဉ် သစ်သားမျက်နာကျက်မဟုတ်သည့် ခေတ်မှီသစ်လွင့်သည့်ပန်းကနုတ်များနင့်အလှဆင်ထားသည့်မျက်နာကျက်။
အခန်းမီးပြာလဲ့လဲ့လေးတစ်လုံးအရောင်မှလွဲ၍ အခန်းအတွင်းမှောင်မဲနေ၏။အပြင်လောကသည်လဲမှောင်မဲတိတ်ဆိတ်နေကာ ကားသံမျှပင်မကြားရချေ။ဒီနေရာ ဘယ်လိုရောက်နေပါလိမ့်။

"မင်းကိုအရမ်းချစ်တယ်ညံ။ထွက်ပြေးဖို့မကြိုးစားနဲ့နော်ညံ။ဒီတစ်ခေါက်တော့ ကိုယ်ညှာနေမှာမဟုတ်ဘူး"

"ဦီးပိုင်စိုးခန့်"

ဖျတ်ခနဲ သတိရသွားသည်က သူ့ကို။ဒီအိမ်ကိုသူခေါ်လာခဲ့တာ။
ညံ့ကိုဖမ်းခေါ်လာခဲ့တာပဲ။
ပြီးတော့ သူခေါင်းသူလဲရိုက်ခွဲထားတာ။သွေးများစီးကျနေသည့်သူ့မျက်နာ ပြန်မြင်ယောင်လာ၏။
ညံငိုရတာပင်ပန်းလွန်း၍ တရေးလောက်ပဲအိပ်ပျော်သွားတာ မိုးတောင်ချုပ်သွားလေပြီ။စားပွဲပေါ်မှ စာကြည့်မီးအိမ်ကိုယူလိုက်ကာ အခန်းတံခါးဆီလျှောက်လိုက်သည်။

"ကျွီးးး"

"ဦီးပိုင်စိုးခန့်။ဦီးပိုင်စိုးခန့်"

မှောင်မဲတိတ်ဆိတ်နေသော အိမ်ကြီးအတွင်း ညံ့ခေါ်သံတစ်ခုသာထွက်ပေါ်နေ၏။ဒီလူကြီးတခုခုများဖြစ်နေသလား။ဘာကြောင့်မီးမဖွင့်ပါလိမ့်။
မီးအိမ်အလင်းရောင်ကိုအားပြုရင်း လှေကားမှဆင်းလာခဲ့သည်။

"ဦီးပိုင်စိုးခန့်။ဦီးပိုင်"

မိမိမျက်ဝန်းမိမိမယုံနိုင်။
ပန်းအိုးကွဲစများကြားမှ ဦီးပိုင်စိုးသည်မနက်ကအတိုင်း ဒူးထောက်နေမြဲ။ညံ့အကြည့်တွေက နံရံမီးခလုပ်ဆီရောက်သွားကာ ဖွင့်လိုက်၏။

"ချောက်"

တစ်အိမ်လုံးလင်းထိန်သွားချိန် ဦီးပိုင်စိုး၏ဦီးခေါင်းသည်လဲအနည်းငယ်မော့လာကာ လှမ်းကြည့်လေ၏။

"ညံ'

"ဟာ ဦီးပိုင်စိုး ဦီးပိုင်စိုး"

တစ်ခွန်းသာခေါ်ဆိုပြီး နောက်ပြန်လဲကျသွားသောသူ့ကိုပြေးဖက်ထိန်းလိုက်ရ၏။ညံ့လက်အတွင်း ဦီးပိုင်စိုးသတိလစ်သွားလေပြီ။
ဦီးခေါင်းမှစီးကျနေသောသွေးစီးကြောင်းများတောင် ခြောက်စပြုကာ ဆံပင်နင့်မျက်ခုံးမွေးများအကြား ကပ်နေလေသည်။ဧည့်ခန်းအတွင်း ဖုန်းခွက်များတွေ့ရ၍ ညံ ဦီးပိုင်စိုးကိုယ်ကိုအသာချကာ ဖုန်းခွက်ဆီသွားလိုက်သည်။

"နေဖမ်းစားသော လမင်း"Where stories live. Discover now