"နေဖမ်းစားသော လမင်း"
**********************
အပိုင်း(၄၄)
***********
လူမရှိသည့်အစည်းအဝေးခန်းမအတွင်း အရာအားလုံးကတိတ်တိတ်ဆိတ်ဆိတ်။
စားပွဲရှည်၏ထိပ် လူမရှိသည့်ထိုင်ခုံဆီကြည့်နေသော အကြည့်ကို အာရုံပြောင်းစေရန်အလို့ငှာ ထိုင်ရာမှထကာ မှန်တံခါးဆီသွားရပ်နေလိုက်သည်။
မှန်တွေမှတဆင့်မြင်နေရသည့်အပြင်လောက။
ကုမ္မဏီ၏ပတ်ဝန်းကျင်၌ သတင်းထောက်များမှာ သိသိသာသာရော မသိမသာပါခြေရူတ်နေလျှက်ရှိပြီ။"ဟူးးး"
ဘယ်နကြိမ်မြောက်မှန်းမသိရသော လေပူကိုမူတ်ထုတ်လိုက်ရင်း လိုက်ကာကိုပြန်ချထားကာ ထိုင်ခုံ၌ပြန်ထိုင်နေလိုက်သည်။သူဌေးနင့်ညီလေးညံရဲ့ကိစ္စ အပြင်ကိုပေါက်သွားရခြင်းက ဘယ်သူတရားခံလဲ။
ဟိုညီအမပဲဖြစ်ပေလိမ့်မည်။သို့သော်လဲ ခုအတောအတွင်း ထိုညီအမက ကုမ္မဏီဘက်မလာသလို အရိပ်အယောင်မျှမမြင်ရချေ။
ဒါဆို ဒီသတင်းက မီဒီယာပေါ်ရောက်ရခြင်းက မည်သူကြောင့်နည်း။
စိတ်ရူတ်ထွေးလာ၍ ကားသော့ဆွဲကာ အခန်းပြင်ထွက်ခဲ့လိုက်တော့သည်။ရုံးမှာဆက်မနေချင်တော့။"ဦီးမြတ်။ ဦီးမြတ်"
"ဟင် ရောင်စဉ် '
ကားသော့ကိုင်ထားသည့် မြတ်မင်းကိုကြည့်နေသည့်ရောင်စဥ့်အကြည့်တွေ။
မင်းကအပြစ်ကင်းလိုက်တာကလေးရယ်။
ရောင်စဉ်က မြတ်မင်းကိုစူးစိုက်ကြည့်ကာ"ဦီးမြတ် ဘယ်သွားမလို့လဲ"
"ကိုယ် ဒီနေ့နားချင်တယ်။အဲ့ဒါ အိမ်ပြန်မလို့'
"ရောင်စဉ်လဲ လိုက်မယ်လေ။"
"မလိုက်ပါနဲ့ကလေးရယ်။
မင်းပါစိတ်ညစ်နေမယ်။
ကိုယ့်ကို နားလည်ပေးပါ။တခုခုအရေးအကြောင်းရှိရင် ဖုန်းဆက်လိုက်နော်။ဒီမှာ ကိုယ်နဲ့သူဌေးမရှိရင် မင်းကိုပဲစိတ်ချထားရမှာ""ဟုတ်"
"လိမ္မာတယ်။ကိုယ် ညနေလာကြိုမယ်"
ရောင်စဥ့်ခေါင်းကိုပုတ်လိုက်ကာ လှည့်ထွက်လာလိုက်သည်။
ယနေ့မှ ဝန်ထမ်းတွေ၏အကြည့်နဲ့အပြုအမူတွေက ထူးခြားနေသလိုလို။
သူတို့အကြည့်တွေကလဲ မြတ်မင်းလက်မခံချင်။သို့သော်လဲ သူဌေးကိုလိုအပ်နေပြီမဟုတ်ပါလား။
ကားကို အိမ်အထိမမောင်းသေးပဲ လမ်းတစ်ဝက်မှာ ရပ်ထားလိုက်ကာ သူဌေးဖုန်းကိုခေါ်လိုက်၏။
ကံအားလျော်စွာ ဖုန်းကချက်ချင်းဝင်သွားသည်။