"နေဖမ်းစားသော လမင်း"
*******************
အပိုင်း(၁၄)
*********
အိပ်ရာနိုးနိုးချင်း ခံစားရသည်ကဗိုက်ဆာခြင်း။အချိန်ကညနေစောင်းကာ မှောင်စတောင်ရောက်နေပြီ။အိပ်နေယောင်ဆောင်ရင်းမှ တကယ်ပင်အိပ်ပျော်သွားသောအဖြစ်ကိုလဲအံ့သြမဆုံးနိုင်။ဟိုလူကြီးကိုပညာပြထားတာဆိုတော့ စွတ်ပြုတ်တစ်ပွဲမှလွဲ၍ ဝမ်းထဲဘာမှမရှိ။အပြင်လဲသွားချင်။သူ အခန်းပြင်၌များစောင့်နေမလား။မသိမသာ တံခါးဟကြည့်လိုက်တော့ အပြင်၌မည်သူမျှရှိမနေ။ကိုမြတ်မင်းအခန်းရော။လူကြီးအခန်းပါ တံခါးပိတ်ထားသည်။
ညံခြေဖော့နင်းကာ အောက်ထပ်ဆင်းလာခဲ့၏။
ထမင်းစားခန်းဆီဦီးတည်လာခဲ့ကာ စားပွဲပေါ်မှ အုပ်ဆောင်းကိုလှပ်ကြည့်လိုက်တော့။"ဟိုက်ရှားပါး။ငါ့အကြိုက်ချည်းပဲ"
ခရမ်းသီးသုပ်။မိုဟင်းချို။ကြက်ပေါင်ကြော်။ချဉ်ပေါင်ရွက်ကြော်နင့်တခြားဟင်းတွေလဲအစီအရီ။
ညံသွားရေတွေကျနေပြီ။ထမင်းအုပ်။ထမင်းပန်းကန်ကလဲ အဆင်သင့်။ဇွန်းပင်ကိုင်မနေတော့။မြန်မြန်ဆန်ဆန်ပင် ဘေစင်သွားပြီးလက်ဆေးကာ ထမင်းခူးခပ်ထည့်ပြီးနောက် ဟင်းရည်ရွှဲရွဲဆမ်းရင်း စားတော့သည်။ကြက်ပေါင်လေးကလဲ အရသာရှိလိုက်လေခြင်း။"ရပ်လိုက်ချစ်ခွန်းညံ"
မည်သူဆိုတာ ပြောစရာမလိုတော့။
ညံအစာစားချိန်တိုင်း သူအမြဲပိတ်ပင်နေပါကောလား။ညံ့ဘဝကဝဋ်ကြွေးတစ်ခုပေးဆပ်ရသလိုပဲ။ကိုယ်သဘောကျတာလေးမြင်တာတောင် ဝဝလင်လင်စားခွင့်မရ။
မုန်းတယ် ဦီးပိုင်စိုးခန့်။ခင်ဗျားကိုရွံတယ်။ထမင်းကိုလက်စသပ်ကာ
ခုံမှထလိုက်သည်။"ပြန်ထိုင်ချစ်ခွန်းညံ။"
ညံမထိုင်ချင်တော့။တမင်ပင် ထမင်းပန်းကန်ကိုင်ထွက်လာခဲ့ကာ ဘေစင်ဆီလျှောက်လာခဲ့၏။
"တောက်။ငါ့ကိုကြည့်စမ်း ချစ်ခွန်းညံ"
"ခွမ်းးး"
သူကအနားရောက်လာကာ ရုတ်တရက် ညံ့ပခုံးတစ်ဖက်ကို ဆွဲလှည့်လိုက်ခြင်းဖြစ်ရာ ညံကိုင်ထားသော ထမင်းပန်းကန်မှာပြုတ်ကျကွဲကြေသွားတော့သည်။ပြန့်ကြဲနေသော ကြွေစ။ထမငိးစေ့တွေနင့် ဟင်းအဖက်လေးတွေ။
ညံ့ဝမ်းနည်းစိတ်ကလိုက်တက်လာ၏။