part 15

2.6K 112 0
                                    

"နေဖမ်းစားသော လမင်း"
အပိုင်း(၁၅)
းးးးးးးးးးးးးးးး
"ဝါးးးးးညီလေးက ခန့်နေရောကွာ။ချစ်စရာကောင်းချက်။"

ကိုမြတ်မင်း ချီးကျုးစကားကို ပြုံးရုံသာပြုံးပြလိုက်၏။
အပြင်သွားမယ်အမိန့်ထုတ်ထားတော့ ညံ့မှာ ဘာဝတ်ရမှန်းမသိ။
စပို့ရှပ်လက်တိုနင့် ဂျင်းဘောင်းဘီရှည်တစ်ထည်သာ ဝတ်ဆင်ထားလိုက်၏။အခုချိန်မှတော့ ရုပ်ကိုဘယ်လိုဖျက်ဖျက်။ညံ့ပုံစံအစစ်အမှန်တွေ သူမြင်သွားပြီပဲ။ညံမလိုက်ချင်တာကို သူအတင်းခေါ်တာ။ဒါလောက်တော့ ညံ့မှာရွေးချယ်ခွင့်ရှိသည်မဟုတ်လား။

"မြှောက်မနေပါနဲ့ကိုကြီးရာ။ကျွန်တော် နဂိုအတိုင်းပါပဲ။"

"မဟုတ်ပါဘူး။ညီလေးက အရင်ကဆို အကျီကြီးကြီးတွေဝတ်ထားတော့ ညီ့ပုံစံသိပ်မသိသာဘူး။ဒီနေ့မှ ရှင်းသန့်နေရာကွာ။"

"အဟား။ဟုတ်ပါပြီ။ဒါနဲ့ ဟိုလူဘယ်တော့လာမလဲ။"

"အင်း။ခုချိန် ရုံးဆင်းပြီလေညီရ။သူဌေးက တခြားအလုပ်တွေပြီးမှရုံးဆင်းလေ့ရှိတယ်။နောက်ကျတတ်တယ်။ဒါကြောင့်ညီ့ကိုခုမှပြင်ဆင်ခိုင်းတာပေါ့။ခဏနော် ကိုယ်လဲအဝတ်အစားသွားလဲအုံးမယ်။"

"ဟုတ်ကဲ့"

ကိုမြတ်မင်း အဝတ်အစားသွားလဲနေချိန် ညံလဲ မဂ္ဂဇင်းတစ်အုပ် လှန်ကြည့်နေလိုက်သည်။ထိုလူတော့မလာသေး။
အချိန်တွေကကုန်လာသလို ကိုမြတ်မင်းလဲအဝတ်အစားလဲပြီးချိန် အထိ ထိုလူမပေါ်လာသေး။ကိုမြတ်ကတော့ ညံ့ကိုအားနာနေပုံရကာ စကားတွေပြော အာရုံလွှဲနေ၏။ညံသိတာပေါ့။သူကဒီအိမ်ရှင်။သူဌေးဆိုတဲ့အတိုင်း ထင်ရာစိုင်းနေတာ။လူတိုင်းကို သူ့ကစားစရာလိုကစားနေတာလေ။

"တီ တီ တီ"

"ဟော သူဌေးကားသံကြားတယ်ညီလေး။လာ အပြင်ထွက်ရအောင်"

"ညီမလိုက်ချင်ဘူး။ညီနေမကောင်းဘူးပြောလိုက်လေ"

"မဟုတ်တာညီရယ်။ကိုယ်တို့လုပ်ငန်းစုအောင်မြင်မူအထိမ်းအမှတ်လေ။ညီလဲ မြို့ပြမြင်ဖူးတာပေါ့။"

ညံသိတယ်ကိုမြတ်။ရန်ကုန် ဘယ်လောက်လှပြီး ဘယ်လိုကျယ်ပြောတာတွေ ညံသိတယ်။
ရန်ကုန်ကိုသဘောကျတယ်။ဒါပေမဲ့ အဲ့လူနဲ့သွားရမှာမို့ မသွားချင်တာ။

"နေဖမ်းစားသော လမင်း"Where stories live. Discover now