part 26

2.2K 102 1
                                    

*နေဖမ်းစားသော လမင်း*
*********************
အပိုင်း (၂၆)
••••••••••••••

ခေါင်းအုံးကိုကျောမှီထားသည့်သူရင်ဘတ်ဆီ ခေါင်းတင်ငိုမိသည်။
မင်းဘာဖြစ်နေတာလဲ ချစ်ခွန်းညံ။သူပြောသလိုမင်းပျော်နေရတော့မှာလေ။တခုခုဆုံးရူံးရတော့မလိုငိုနေတာဘာကြောင့်လဲ။ဟုတ်တယ်။မငိုသင့်ဘူး။တိတ်လိုက်။တိတ်လိုက်တော့။
ငိုရိုက်နေသော ညံ့ဦီးခေါင်းဆီ ဦီးပိုင်စိုးလက်တစ်ဖက်ရောက်လာကာဆံပင်တွေကိုသပ်တင်ပေးနေရင်း ချောင်းတွေဆိုးနေရှာ၏။ခဏအကြာ၌ သူလက်မှာ ညံ့ဦီးခေါင်းထိပ်ဆီမှဘေးဘက်သို့လျှောကျသွားလေတော့၏။

"ဦီးပိုင်စိုးးးး"

ပြုံးနေသော နူတ်ခမ်းတွေက ယခုထိလဲပြုံးနေဆဲ။
စိုက်ကြည့်နေသော မျက်ဝန်းတွေကပိတ်သွားကာ မှီထားသော ဦီးခေါင်းသည်အရှေ့ကိုငိုက်ကျလာ၏။

"ဦီးပိုင်စိုး"

မယုံနိုင်ခြင်း။အံ့သြခြင်းများစွာနင့်အတူ ညံကြက်သေသေနေမိသည်။
အစောပိုင်းလေးကမှပြုံးရယ်ခဲ့ကြသည်မဟုတ်လား။ယခု ယခုတော့

"ဦီးပိုင်စိုး။ထပါအုံး ကျွန်တော့်ကို ခင်ဗျားနောက်နေတာမဟုတ်လား။ကျေးဇူးပြုပြီး နိုးလာပါ။"

စိုးရိမ်ပူပန်မူများစွာနင့်အကြိမ်ကြိမ်လူပ်နိုးနေခဲ့သော်လဲ ဦီးပိုင်စိုးကား ထမလာခဲ့။သူတကယ်သေသွားခဲ့ပြီ။ညံလွတ်မြောက်ပြီပေါ့။အရိုက်အနက်။အအော်ငေါက်မခံရတော့ဘူး။တကယ်လွတ်မြောက်သွားခဲ့ပြီပဲ။ငါပျော်သင့်တယ်။ပျော်ရမယ်။ဘာကြောင့်မပျော်ရတာလဲ။ဘာကြောင့် ဝမ်းနည်းနေတာလဲ။မဟုတ်သေးဘူး။တခုခုတော့မှားနေပြီ။ငါ အဲ့ဒိလူကိုချစ်မိသွားတာလား။

"ဦီးပိုင်စိုး"

မလှုပ်မယှက်ရှိနေသော ကိုယ်ကြီးကို ကြည့်ကာ ဝေခွဲမရ။
ပါးပြင်ဆီစီးကျနေသောမျက်ရည်တွေကိုကိုင်တွယ်မိသည်။
သူတကယ်သေသွားခဲ့ပြီ။သူကိုဆုံးရူံးရမှာဘာကြောင့် စိုးရိမ်နေခဲ့ရတာလဲ။သေပါစေ  အကြိမ်ကြိမ်ဆုတောင်းနေခဲ့သော လူကြီး တကယ်သေသွားချိန် ညံမပျော်ပါလား။မဟုတ်ဘူး။မဟုတ်ဘူး။
ခင်ဗျားကိုမုန်းတယ်။ခင်ဗျားသေသင့်တယ်။

"နေဖမ်းစားသော လမင်း"Where stories live. Discover now