"နေဖမ်းစားသော လမင်း"
*********************
အပိုင်း(၃၃)
***********"ရိုက်လိုက်ပါအုံး မမရေ"
"ဖောငိး"
"ငါ့ညီမလေး သိပ်တော်တာပဲ။မမက ဂုဏ်ပြုရမှာပေါ့။နက်ဖြန်ကစပြီးနင့်ရဲ့ မိတ်ကပ်တွေ။ခေတ်ဆန်ဆန်နေတာလေးတွေခဏဖျောက်လိုက်။ငါတို့စီမံကိန်းအောင်မြင်သွားတော့မှ တခေါက်ပြန်စပေါ့ဟာ"
"အင်းပါမမရဲ့။ချစ်ခွန်းညံတော့ တော်တော်ထိသွားမှာပဲနော်။"
"ခစ်ခစ်။ဒါကအကြီးစားတိုက်ချက်ပဲလေကွယ်။
စုပြောပုံအရဆို သူလဲကိုပိုင့်ကိုအများကြီးမျော်လင့်ထားပုံရတယ်။ဟင်းဟင်းဟင်း""ခစ်ခစ်"
စုအိမ့်စံ မမသက်မူးကိုကြည့်ရင်း သူမပါသဘောကျစွာလိုက်ရယ်မောမိလေ၏။အချိန်အတိအကျ။
အကွက်ကျကျ စီမံမူအတိုင်းတသွေမတိမ်းလိုက်နာနိုင်ခဲ့ခြင်း။
ယခုဆို သူမအမြင်ကက်နေခဲ့ရသည့်ချစ်ခွန်းညံသည်လဲ ကိုပိုင့်အနားမရှိတော့ပြီ။ခံစားကြပါစေအုံး။အများဆုံးခံစားရ တစ်လပေါ့။မကြာခင်မှာ စုအိမ့်စံဆိုတာက ကိုပိုင့်ရဲ့မဟေင်္သိမိဖုရားဖြစ်လာမဲ့သူမဟုတ်ပါလား။"လာလာ ညီမလေး။ဟိုကောင်လေး အကြောင်းပြ။အပြင်ထွက်စို့။မကြာခင် ဒီအိမ်မှာပြသနာတက်တော့မှာ"
'ဟုတ်ကဲ့မမ"
သက်မူးအိမ် စုအိမ့်စံကိုခေါ်ထုတ်ကာ အိမ်ထဲမှထွက်လာခဲ့ကြ၏။
ကိုပိုင့်အကြောင်းသက်မူးအိမ်အသိဆုံး။
စာကြည့်ခန်းထဲထိုင်ကျန်နေခဲ့သည့်ကိုကြီးအတွက်တော့စိတ်မကောင်း။။ခွင့်လွတ်ပါကိုကြီး။ကိုကြီးလဲသားအတွက်စိတ်ပူသလို သက်မူးလဲသက်မူးညီမရှေ့ရေးအတွက်ပါရှင်။
***************************************************
မီးရောင်မှိန်မှိန်သာထွန်းထားသည့်စာကြည့်ခန်းလေးထဲ ငူငူငိုင်ငိုင်ဖြစ်နေသော ဖခင်ကိုကြည့်ကာ နေဖြိုးကရုဏာသက်မိသည်။
နူတ်ကထုတ်မပြောပေမဲ့ ဖခင်ရင်ထဲကအပူကိုနားလည်သည်။
ညနေက ဒေါသထွက်ကာ ပြန်ထွက်သွားသည့်ညီကိုလဲစိတ်ပူ။
ဘယ်ကိုသွားမှန်းမသိသည့်ညံလေးအတွက်လဲရင်လေးနေမိလျှက်။"ဖေဖေ"
လှည့်ကြည့်လာသည့်အဖေမျက်ဝန်းတွေကအရောင်မှေးမှိန်နေကာ အားငယ်ဝမ်းနည်းနေမူတွေကထင်ထင်ရှားရှား။စကားမဆိုဖြစ်ကြပဲ ငြိမ်သက်နေမိကြသည်။