part 34

1.8K 74 0
                                    

"နေဖမ်းစားသော လမင်း"
********************
အပိုင်း (၃၄)
*************
မဟာရန်ကုန်မြို့တော်ကြီး၏စည်ကားနေပုံကိုကြည့်ရင်း ညံ့စိတ်ထဲ သည်မြို့ကိုစရောက်လာပုံတွေကိုတွေးမြင်နေမိသည်။
မတွေးပဲဦီးစွာသတိရသည်ကဦီးပိုင်စိုး။ကြမ်းတမ်းမူများနင့်စတင်ဆုံစည်းခဲ့ကြမူတွေ။နူးညံ့ပြောင်းလဲလာမူတွေ။ဒါတွေကို အချစ်ထင်ခဲ့မိခြင်း။
တကယ့်တကယ်တော့ အသုံးချခံဘဝ။အခုချိန်လောက်ဆို ဦီးပိုင်စိုးလဲ သူလိုအင်တွေအတိုင်းဖြစ်သွားတော့ အောင်ပွဲခံနေလောက်ပါပြီ။
အရင်ကဆို ညံပျောက်တိုင်း ရှာနေခဲ့တာ။ဘယ်ကမှန်းမသိ ပေါ်လာခဲ့တာ။အခုတော့ အရိပ်အယောင်မျှမမြင်ရ။သူတကယ်ကိုညံ့ကိုအသုံးချခဲ့တာပါပဲလား။ကျေနပ်ပျော်ရွှင်နေပါစေ ဦီးပိုင်စိုးရယ်။

"ဟေ့ကောင် လမ်းကူးမှာဖြင့်ကူး။ရပ်မှာလဲဆိုလဲရပ်နေ။ဟိုလိုလိုသည်လိုလိုမလုပ်နဲ့။ဒါကားကွ။နွားလှည်းမဟုတ်ဘူး။
လုပ်စားမယ်ဆိုလဲတခြားဟာလုပ်။မင်းသေတာအရေးမကြီးဘူး။ငါကအမူရှင်းနေရမယ်။"

လမ်းမဆီမှ အသားလွတ်ပြောသွားသောကားသမားကို ဒေါသဖြစ်မိပေမဲ့ မပြောနေတော့။ကိုယ့်ဟာကို ပလက်ဖောင်းပေါ်ပြန်တက်လိုက်ရ၏။
မီးပွိုင့်မီးနီနေစဉ် လူကူးမျဉ်းကြားကကူးမလို့ကိုတောင်အပြောခံရသည့်အဖြစ်။YBSစီးချင်သော်ငြားလဲ အိတ်ကပ်ထဲပိုက်ဆံတစ်ကျပ်တောင်မရှိနေခဲ့ပေ။
နံနက်စာ အိမ်မှာ စားထား၍သာ တော်ရပေမည်။

"မင်း ဘာဆက်လုပ်မလဲညံ။ဘယ်ကိုဆက်သွားမလဲ"

မိမိဘာသာရေရွတ်ရင်းတွေးကြည့်နေမိ၏။
သွားစရာမရှိ။နေစရာမရှိ။အခုဆိုစားစရာတောင်မရှိတော့။
မကြာမှီဗိုက်ကဆာလာတော့မှာ။သည်ကိစ္စတွေ မည်သို့ဖြေရှင်းမည်နည်း။ဦီးပိုင်စိုးဆီပြန်သွားမလား။
မဖြစိနိုင်။သူကိစ္စပြီးပြီမို့ ညံ့ကိုလက်ခံတော့မှာမဟုတ်။
ရုတ်တရက် အာရုံထဲသတိရလာသည်က ကိုမိုးညို။
သူပြောခဲ့သည့်လိပ်စာကိုပြန်ရေရွတ်ရင်း တက္ကစီတားလိုက်၏။
အနားလာရပ်သည့်တက္ကစီ၏ယာဉ်မောင်းနေရာမှ မှန်ကျလာကာ လူရွယ်တစ်ဦီးမျက်နာပေါ်လာ၏။

"ဘယ်သွားမလဲညီလေး"

"မြောက်ဥက္ကလာ (++++)ရပ်ကွက်။(+++)လမ်းအကို။"

"နေဖမ်းစားသော လမင်း"Where stories live. Discover now