"နေဖမ်းစားသော လမင်း"
*************************
အပိုင်း၄၅
××××××××
အမှောင်လောကအတွင်း ပြန့်ကျဲနေသော စိတ်အလျင်ကိုစုစည်းပြီး အလင်းစက်ကိုရှာဖွေနေမိသည်။
တွေ့ပါပြီ။အလင်းတံခါးနစ်ခု။ပိုင်စိုး အပြေးသွားလိုက်၏။
ပွင့်ဟသွားသော မျက်ဝန်းတစ်စုံနင့်အတူ မိမိလက်ကလဲ နံဘေးဆီသို့။
ဘာမှမရှိ။လေဟာနယ်အထိအတွေ့ကြောင့် မျက်မှောင်ကြုတ်လာသည်။
မိမိနံဘေး၌ညံ ရှိမနေ။ချက်ချင်းဆိုသလို သတိထားလိုက်မိတာက အခန်းက သူအခန်း။သူအခန်းသူ ပြန်ရောက်နေပြီပဲ။ဘာတွေဖြစ်ကုန်ပြီလဲ။"နိုးလာပြီလား သူဌေး"
အခန်းတံခါးကိုတွန်းဖွင့်ဝင်လာသည့် မြတ်မင်း။
ပိုင်စိုး ခုတင်မှခုန်ထကာ မြတ်မင်းအကျီရင်ဘတ်စ နစ်ဖက်ကို ဆောင့်ဆွဲလိုက်ပြီးနောက်"သူ ဘယ်ရောက်သွားတာလဲ။မင်း ငါတို့ကိုဘယ်လိုတွေ့သွားတာလဲ"
မြတ်မင်းကိုယ်က ပကတိတည်ကြည်နေမြဲ။ပိုင်စိုးအမေးကိုမဖြေ။
"ဟေ့ကောင် မြတ်မင်း။သူ ဘယ်ရောက်သွားလဲ ငါမင်းကိုမေးနေတယ်။ဘယ်မလဲ သူ"
မြတ်မင်း ပိုင်စိုးကိုကြည့်နေရာမှ တစ်ဖက်လွှဲသွားကာ
"သူ ဒီမှာမရှိပါဘူး။ကျွန်တော့်ကိုလဲ သူပဲဆက်သွယ်ခဲ့တာပါ။သူဌေးကိုထားသွားပြီးတော့ သူထွက်သွားပါတယ်"
"မဖြစ်နိုင်ဘူး။ငါမယုံဘူး "
"ဒါဆို သူဌေးရှိရာကို ကျွန်တော်ဘယ်လိုသိနိုင်မှာလဲ"
မြတ်မင်းစကားကိုလဲ ငြင်းဖွယ်မရှိ။ဒါကြောင့် ညံက သူကိုဖျော်ရည်ဖျော်တိုက်ခဲ့တာကိုး။တကယ်မထင်ခဲ့မိဘူးညံလေးရာ။ကိုယ်မင်းကို ယုံကြည်ခဲ့ရတာ။
ညံ ညံလေးရယ် ဘာကြောင့် ကိုယ့်ဆီကထွက်ပြေးချင်နေရတာလဲကွာ။
ဘာကြောင့်လဲ။မင်းလဲ ကိုယ့်ကိုချစ်ရဲ့သားနဲ့ကွာ။"ဒါက ဘယ်လဲသူဌေး"
အပြင်ထွက်မည်ပြင်နေစဉ် မြတ်မင်းက လက်ဆွဲထား၍ ပြန်ကြည့်လိုက်သည်။
"င့ါဘာသာ ဘယ်ကိုသွားသွား မင်းကိုအသိပေးရအုံးမှာလား။အခုချက်ချင်း ငါ့လက်ကိုလွှတ်လိုက်စမ်း"
