Part 1

1.3K 46 3
                                    

Monster In Me
Part 1

" Lee Seungri..ခဏလာထိုင်ဦး..Jiyong
မင်းလည်း ထိုင် "

ကောင်လေးနှစ်ယောက်မှာ တယောက်ကို
တယောက် ရင်းရင်းနှီးနှီးဆက်ဆံဖို့ဝေး..
တူတူကပ်ထိုင်ဖို့ကို အဆင်မပြေ..

ဆိုဖာပေါ်မှာ ဟိုဘက်တခြမ်း ဒီဘက်တခြမ်း
ထိုင်လိုက်ပြီး မျက်နှာချင်းဆိုင်ထိုင်နေတဲ့
Jiyong အဖေမျက်နှာကို ကြည့်နေကြတော့
တယ်..

" Seungri..မင်းမိဘတွေနဲ့ဦးနဲ့ကသူငယ်ချင်း
တွေ..မင်းမိဘတွေ ဆုံးသွားတဲ့သတင်းကို
ကြားကြားပြီးချင်း မင်းကိုလိုက်ရှာခဲ့တာ..ဦး
မင်းကို စောင့်ရှောက်မယ်လို့ မင်းမိဘတွေကို
ကတိပေးထားတယ်..အဲ့ဒါကြောင့် မင်း ဒီအိမ်
မှာလိုက်နေရတာကို စိတ်ထဲမှာဝန်ထုပ်ဝန်ပိုး
မထားနဲ့..မင်းပညာရေးကအစ ဦးတာဝန်ယူ
တယ် Jiyongနဲ့လည်းအဆင်ပြေအောင်နေ..
နောက်ဆို မင်းတို့ကျောင်းအတူတူတက်ရ
တော့မှာ..မင်းတို့နှစ်ယောက် တည့်တည့်မျှမျှ
နေတာပဲလိုချင်တယ်..ဟုတ်ပြီလား "

" Appa...."

Jiyong ရဲ့အလိုမကျတဲ့လေသံ..

" Jiyong..မင်းကို Appa ပြောထားတယ်လေ
Seungri ကို ကာကွယ်စောင့်ရှောက်ရမယ့်
တာဝန် မင်းမှာရှိတယ်နော်..မင်းက သူ့ထက်
အကြီးလေ.."

Jiyong က ပြန်မဖြေ..Jiyong အဖေက
လေသံမာမာနဲ့..

" Kwon Jiyong .. "

" ဟုတ်ကဲ့ပါ... "

Jiyongဆောင့်ကြီးအောင့်ကြီးနဲ့ထထွက်သွား
ပြီး အခန်းထဲဝင် အခန်းတံခါးကိုဆောင့်ပိတ်
လိုက်တော့တယ်..

Jiyong အဖေက ဟန်လုပ်ပြုံးလိုက်ပြီး..

" Seungri..ရေ မင်းရဲ့Hyung ကတော့ မြင်
တဲ့အတိုင်းပဲ သူက နည်းနည်းဇီဇာကြောင်ချင်
တယ်..ဦးလည်း သူ့အမေနဲ့ကွာရှင်းပြီး သူ့ကို
ခေါ်ထားတာလေ..သူက သူ့အမေနဲ့ခွဲထားလို့
ဆိုပြီး ဦးအပေါ် အမြင်သိပ်မကြည်ဘူး အဲ့ဒါ
တကယ်လို့များ မင်းအပေါ်သူ့ကောင်းကောင်း
မဆက်ဆံရင် နည်းနည်းသည်းခံပေးပါကွာ "

" ဟုတ်..ရပါတယ် ကျွန်တော့်ကို ခုလိုခေါ်ခဲ့
ပေးတာကိုပဲ ကျေးဇူးတင်ပါတယ်..Jiyong..
အဲ့..Hyung နဲ့လည်း တည့်အောင်ပေါင်းမှာပါ
စိတ်ချပါ.."

Monster In Me (Completed)Where stories live. Discover now