Part 14

409 34 0
                                    

Monster In Me
Part 14

Jiyong မျက်လုံးတွေဖွင့်ပြီး နိုးလာတာနဲ့
အရင်ဆုံးSeungriမျက်နှာလေးကိုမြင်ယောင်
ရင်း အလွမ်းစိတ်တွေတိုးလို့ဝင်လာတာလည်း
နိစ္စဓူဝ..

ဝင်သက် ထွက်သက်တိုင်းမှာ Seungri ရဲ့
ကိုယ်သင်းနံ့လေးကိုလွမ်းလွန်းလို့ အရူးလိုပဲ..

နာရီကိုကြည့်မိတိုင်းမှာလည်း..

~ နေ့ရက်တွေရှည်ကြာလွန်းလိုက်တာ
Seungriရယ်..မင်းခုချိန်ဘာလုပ်နေမလဲဟင်

ကျောင်းရောက်လို့ အတန်းနားတဲ့အချိန်တိုင်း
မှာလည်း...

~ ကျောင်းရောမှန်မှန်တက်ရဲ့လား..
ငါတော့ ဒီမှာတယောက်တည်း အရမ်းကို
အထီးကျန်နေတယ်..

အတန်းထဲကဖြစ်ဖြစ် လမ်းပေါ်ကဖြစ်ဖြစ်
ခပ်ဆိုးဆိုးကောင်လေးတွေကို မြင်မိတိုင်း..

~ ဂျစ်ကန်ကန် မင်းပုံစံလေးကိုလွမ်းတယ်..
ရင့်ရင့်သီးသီးပြောတတ်တဲ့ မင်းစကားလုံး
ကြမ်းကြမ်းတွေကိုလွမ်းတယ်..ထစ်ခနဲဆို
လက်ပါတတ်တဲ့ ကျက်သတုံးကောင်လေးကို
လွမ်းတယ်..

သွားတက်ပါတဲ့လူတွေနဲ့ တွေ့ရတိုင်းလည်း..

~ မင်းရဲ့သွားတက်ချွန်ချွန်လေးတွေကိုလွမ်း
တယ်..ငါ့သွေးတွေနဲ့ကြောက်စရာကောင်းနေ
တဲ့ မင်းရဲ့မကောင်းဆိုးရွားအပြုံးလေးတွေကို
လွမ်းတယ်..

အမှောင်ကြောက်တတ်တဲ့မင်းကိုသတိရလွန်း
လို့ ငါ့အခန်းတခန်းလုံး မီးမပိတ်မိတာလည်း
အကျင့်ဖြစ်သွားပါပြီ..Eye Mask တွေတော့
ဝယ်ထားရတာပေါ့

မထိတထိ နမ်းဖူးတဲ့ မင်းအနမ်းလေးကိုရော..
ကြမ်းရှပူလောင်တဲ့ အနမ်းတွေနဲ့ မင်းနှုတ်ခမ်း
တွေကိုပါ လွမ်းတယ်..

ဖုန်းခေါ်ပေမယ့်မကိုင်..mail တွေ တရစပ်ပို့
လည်း reply မလာ..နောက်ဆုံးအိမ်လိပ်စာနဲ့
စာရေးပြီးပို့တာတောင် အဖက်မလုပ်တဲ့
ဒီကောင်ဆိုးလေး..တကယ်နေနိုင်တာလား
တကယ် မဆက်သွယ်ပဲနေမှာတဲ့လားကွာ..
မင်း ရက်စက်လိုက်တာ..

Seungri..ဒီနေ့က ငါ့မွေးနေ့လေ..မင်းဆီက
မွေးနေ့ဆုမွန်ကောင်းကို မျှော်လင့်ခဲ့တယ်
ရောက်မလာပါဘူး..

Monster In Me (Completed)Where stories live. Discover now