Monster In Me
Part 27အတွင်းရေးမှူးရာထူးနဲ့ Jiyong အနားမှာ
စအလုပ်လုပ်တဲ့နေ့ကစပြီးKim Jin Woo က
အစစ အရာရာ လိုလေသေးမရှိ အကုန်လုပ်
ပေးပြီး ဂရုစိုက်ရှာတယ်နူးနူးညံ့ညံ့ ညင်ညင်သာသာအပြုံးလေးကို
အမြဲတမ်းလိုလို အသုံးပြုတာကြောင့် ခဏ
အတွင်းမှာပဲ ကုမ္ပဏီကဝန်ထမ်းတွေရဲ့အာရုံ
စိုက်မှုကိုလည်းရနိုင်တဲ့သူဖြစ်နေတာပေါ့..ဒုဥက္ကဌ အတွင်းရေးမှူးလေးက ဘယ်ကိစ္စမဆို
ရှေ့တော်ပြေးစီမံဆောင်ရွက်တတ်လို့ အလုပ်
လုပ်တာလည်းတော်တယ်လို့ သတင်းမွှေးနေ
ပြန်တယ်..Jiyong ကိုယ်တိုင်ကကို Kim Jin Woo နဲ့
ဆက်ဆံရေးအဆင်ပြေတယ် အလိုက်သိ
လွန်းတဲ့ အတွင်းရေးမှူးလေးကြောင့် သူ
အရင်ကလောက်မပင်ပန်းတော့တာအမှန်
ပဲလေ.." ဒုဥက္ကဌ..ဒါ ဒီနေ့အတွက် အချိန်ဇယားပါ
အစည်းအဝေးအတွက် ပြင်ဆင်ထားတဲ့ဖိုင်က
စားပွဲပေါ်မှာတင်ပေးထားပါတယ် "" အင်း..ဟုတ်ပြီ ဒါနဲ့ Jin Woo ဒီနေ့နေ့လည်
ပိုင်းကို အချိန်ရှင်းလို့ရရင် ရှင်းထားပေးပါဦး
အရေးကြီးဧည့်သည့်နဲ့တွေ့စရာရှိတယ် "" ဟုတ်ကဲ့ခင်ဗျ..ဟိုလေ..ဒုဥက္ကဌ necktie
စောင်းနေတယ်.."" ဟုတ်လား..ဘယ်ဘက်လဲ "
Jiyong က necktie ကို ဟိုဟိုဒီဒီရွေ့ပေမယ့်
စောင်းမြဲစောင်းလျှက်ပဲမို့.." ကျွန်တော် ပြင်ပေးရမလား ဒုဥက္ကဌ "
" အေး..လုပ်ပေးပါဦးကွာ "
" ဟုတ်ကဲ့ "
Jin Woo က Jiyongနားလေးကိုအသာလေး
ကပ်သွားလိုက်တယ်,necktie လေးကို လက်
နဲ့အသာကိုင်လိုက်ပြီး Jiyong ကိုကြည့်တော့
Jiyong ကလည်းပြန်ကြည့်လိုက်တာနဲ့
အကြည့်ချင်းဆုံသွားတယ်..Jiyong ကတော့ သာမန်အကြည့်နဲ့ပါပဲ..
Jin Woo မှာသာ သမုဒ္ဒရာအောက်ကြမ်းပြင်
ထိ ဆွဲချခံလိုက်ရသလို အကြင်သူ့မျက်ဝန်းညို
တွေထဲမှာ နစ်မြှုပ်သွားပြီး..ပြန်တက်မလာနိုင်အဲ့အချိန်မှာ ရုံးခန်းတံခါးဆွဲဖွင့်လိုက်တဲ့အသံနဲ့
အတူ Seungri ဝင်လာတယ်