Monster In Me
Part 42Seungri စိတ်ရူးပေါက်လာပြီး တခုခုမလုပ်မိ
အောင် ကိုယ့်ကိုကိုယ်ထိန်းနေရတယ်...
အိမ်ပြန်ရောက်တဲ့အထိ သူတို့နှစ်ယောက်လုံး
စကားမပြောတော့ပဲ ကိုယ်စီအတွေးတွေနဲ့...ဘယ်သူလုပ်တာလဲ..Jiyong ကို ဖွက်ထား
တာ ဘယ်သူများဖြစ်နေမလဲ..ဘာအကျိုးရှိမှာ
မို့ ဒီလောက် အကြာကြီးဖွက်ထားရတာလဲ..~ တကယ်ပဲ Lee Seungri..မင်းလား..
ဒါမှမဟုတ်..မင်း မဟုတ်ဘူးလား..မင်းကိုမင်း
ဘာလုပ်နေတယ်ဆိုတာကိုတော့သိစမ်းပါ..
မင်းလုပ်ခဲ့တယ်ဆိုရင်..အခုနောင်တရသင့်ပြီအိမ်ထဲကို ခေါင်းငိုက်စိုက်ကျပြီး ဝင်သွားတဲ့
Seungri ကို Top တယောက်လှမ်းကြည့်ပြီး
သက်ပြင်းချမိတယ်..~ မင်း မဟုတ်ပါစေနဲ့..Seungri..ငါ တကယ်
ဆုတောင်းမိတယ်..ဒီလိုမျိုးတွေ မင်းလုပ်တာ
မဟုတ်ပါစေနဲ့..ငါ တွေးထင်တာတွေမမှန်ပါနဲ့
မင်းအစား ငါရင်လေးလွန်းလို့ပါ Seungri ရာ
မင်းဆီမှာ မကောင်းတာတခုခုဖြစ်သွားရင်
Jiyong ရင်ကွဲရလိမ့်မယ်..မင်း သိရဲ့လား×××××
" သခင်လေး..ထမင်းစားဖို့အချိန်ရောက်ပါပြီ "
အသံကြားမှ Jiyong မျက်လုံးတွေဖွင့်လိုက်မိ
တယ်..စိတ်ပျက်လက်ပျက်နဲ့ အိပ်နေမိတာ..
ညတောင်ရောက်သွားခဲ့ပြီပဲ..မှောင်မှောင်မဲမဲ
မျက်နှာကြက်က အမြင်အာရုံထဲဝင်လာပြီး မီး
ဖွင့်ဖို့ခလုတ်ရှိရာဆီလှမ်းလိုက်ရင်း..Seungri
ကို သတိရမိတဲ့စိတ်တွေ လွမ်းတဲ့စိတ်တွေနဲ့
အတူ ဒေါသတွေပါ တနင့်တပိုးဝင်ရောက်လာ
တာမို့ သက်ပြင်းချလိုက်မိတယ်..ခုချိန်မှာ သူ ဘာမှမတတ်နိုင်တော့ဘူးလေ..သူကိုယ်တိုင်
ကိုက Seungri ထားရာနေရတဲ့ဘဝကို
ရောက်နေပြီ..စောဒကတက်ပိုင်ခွင့်တောင်မရှိ
ဘူး..ဒီအိမ်ထဲရောက်ကတည်းကဘယ်သူနဲ့မှ
လည်းမတွေ့ရတာမို့ နေ့ရက်တိုင်းက သူ့
အခန်းထဲမှာပဲ အိပ်လိုက်စားလိုက်နဲ့ကုန်ဆုံးခဲ့
ရတာ..~ Seungri..မင်း ဒီလောက်အထိလုပ်စရာလို
လို့လား..ငါ့ကို ဒီထဲမှာပိတ်ထားပြီး ဘယ်သူနဲ့
မှမတွေ့ရအောင် လုပ်ထားစရာလိုလို့လား..
သဝန်တိုတာတော်ရုံပဲကောင်းတယ် ကလေး
ကိုကို့ကို ဘာလုပ်မလို့ ကြံစည်နေတာလဲ..
ဒီလိုကြီးပိတ်ထားပြီး အပြစ်ပေးနေတာလား..