Monster In Me
Part 22
" Seungri..အိမ်မပြန်ဘူးလား..အခုဘယ်ကို
မောင်းနေတာလဲ "
" ဒီနေ့ အိမ်မှာ အိပ်ဖို့အဆင်မပြေဘူး..အ့ဲဒါ
ကြောင့်.."
" ဘာဖြစ်လို့တုန်း.."
" ကိုကို နဲ့ ကျွန်တော် ဟိုဟာလုပ်ရအောင် "
" ဘာရယ်.."
Seungri က မဖြေပဲ..ရယ်နေတော့တယ်
Jiyong မှာ သူကြားလိုက်ရတာကို မရေမရာ..
" ဘာလုပ်မလို့တုန်း.."
" အာ..ကိုကိုကလည်းဗျာ "
ရှက်သွေးနုရောင်မျက်နှာလေးနဲ့ Seungri မှာ သာသာလေးထပ်ရယ်ပြန်တယ်
Jiyong မှာပိုလို့တောင်နားမလည်..ကားလေး
က ဝင်းခြံကြီးတခုရှေ့မှာရပ်သွားတယ်..
အပန်းဖြေစံအိမ်..
Jiyong တို့ကုမ္ပဏီကိုနိုင်ငံခြားဧည့်သည်တွေ
လာတိုင်း အနားယူဖို့ပြင်ဆင်ထားတ့ဲ စံအိမ်
မှိုင်းညှို့အုပ်စိုင်းနေတ့ဲ တောအုပ်အသေးလေး
ရယ် ရေကူးကန်လေးရယ် နှစ်ထပ်တိုက်လေး
တလုံးရယ် ရှိတ့ဲခြံဝန်းလေးက သာယာငြိမ်
သက်လို့...
ခြံစောင့်ဦးလေးကြီးက အပြေးအလွှားတံခါး
လာဖွင့်ပေးတယ်..Seungri ကိုလည်းရင်းနှီး
နေပြီးတ့ဲ ပုံပဲ..Seungri လည်း ကားကို
တလှိမ့်ချင်း ဖြည်းဖြည်းပဲမောင်းလာခ့ဲရင်း
ပတ်ဝန်းကျင်ကို လွမ်းသလိုငေးနေတာမို့..
" မင်း ဒီကိုမကြာ မကြာလာတတ်သလား "
" အင်း..တယောက်တည်းနေချင်တ့ဲအချိန်မျိုးနဲ့
စိတ်ဓာတ်ကျတ့ဲအချိန်မျိုးတွေမှာ ဒီကိုလာနေ
တတ်တာ.."
" ဒီအတောအတွင်း စိတ်ညစ်စရာတွေရှိခ့ဲတာ
လား..အရမ်းစိတ်ပင်ပန်းခ့ဲရတာလား "
" ဒီလိုပါပဲ..ကြုံတွေ့နေချိန်တုန်းကတော့ စိတ်
ညစ်စရာ စိတ်ပျက်စရာတွေ ဖြစ်ခ့ဲပေမယ့်
ကျော်လွှားသွားနိုင်တ့ဲအခါကျတော့လည်း ဘာမှမဟုတ်တော့ပါဘူး "
" မင်းတယောက်တည်း ဘယ်လိုများ ရင်ဆိုင်
သလဲ..တခုခုကို စိတ်ပျက်အားငယ်မိရင် "
" အင်း..အရင်ဆုံး စိတ်ကိုလွတ်လပ်ခွင့်ပေး
လိုက်တယ်..တယောက်တည်း အနားယူတာ
မျိုးပေါ့..ပြီးရင် ကိုယ်လုပ်နိုင်တာနဲ့မလုပ်နိုင်
တာကို အချိန်ယူစဉ်းစားပြီးမှ လုပ်ချင်တာကို
လုပ်လိုက်တာပဲ..ဒါပေမယ့် ကျွန်တော်က
တမျိုးရယ်.."
