Monster In Me
Part 43အ့ဲအချိန်မှာပဲ Jiyongကိုကားပေါ်ဇွတ်ဆွဲတင်
ခံလိုက်ရပြီး မျက်လုံးကို အဝတ်နဲ့စည်းပြီးခေါ်
လာကြတော့တယ်..ခုရောက်နေတ့ဲအိမ်ထဲကို
ရောက်တာတောင် သူ့ကို ဘာစကားတခွန်းမှ
မပြောကြဘူးအိမ်ကိုဝင်ကာမှမျက်လုံးကိုစည်း
ထားတာ ဖြုတ်ပေးပြီး.." သခင်လေး..အိမ်ထဲမှာ စိတ်ကြိုက်နေလို့ရပါ
တယ် Seungri Hyungကအပြင်မထွက်ပါနဲ့
လို့ ပြောခိုင်းလိုက်ပါတယ် "" ငါ သူနဲ့တွေ့ချင်တယ်.."
" ကျွန်တော်..ပြောလိုက်ပါ့မယ်..သခင်လေး
အခုတော့ ခဏနားလိုက်ပါဦး "တအိမ်လုံးမှာ ဘာထူးထူးခြားခြားပြင်ပြင်ဆင်
ဆင်မရှိတာမို့ ဘယ်သူ့အိမ်လဲဆိုတာ စဉ်းစား
လို့ကိုမရဘူး..ပြတင်းပေါက်တွေအကုန်အလုံ
ပိတ်ထားပြီး အပြင်ကိုလုံးဝမမြင်ရဘူး..တခါ
တခါကားသံတို့ဘာတို့ကြားပေမယ့် အမြဲတမ်း
မကြားရပုံထောက်ရင် ဆိတ်ငြိမ်ရပ်ကွက်တခု
ကိုရောက်နေတယ်လို့ ထင်လိုက်မိတယ်..~ Seungri အိမ်ဝယ်ထားတယ်လို့လည်း
မကြားမိပါဘူး..ငါ မသိအောင်များဝယ်ထား
တာများလား..ဒါ ဘယ်နေရာမှာပါလိမ့်..အ့ဲကတည်းကJiyong အ့ဲအိမ်ထဲမှာနေခ့ဲရပြီး
Jin Woo လည်း ဘယ်ပျောက်လို့ပျောက်သွား
မှန်းမသိတော့ဘူး..ဘယ်သူနဲ့မှမတွေ့ရသလို
ဘာအဆက်အသွယ်မှ မရတာလည်း ဒီနေ့ထိ
ပါပဲ...×××××
Seungri တယောက် Top ပြောခ့ဲတ့ဲစကား
တွေကို ထပ်ဖန်တလဲလဲပြန်တွေးနေမိရင်း ရင်
တွေပူလာပြီး စိတ်တွေပါရှုပ်လာရတော့တယ်~ ငါ ဒီတိုင်းနေလို့မဖြစ်တော့ဘူး..တယောက်
ယောက်ကိုတော့ အသိပေးထားမှဖြစ်မယ်..
Top Hyung တောင်ငါ့ကိုသင်္ကာမကင်းဖြစ်
ပြီဆိုတော့..ဒီကိစ္စရဲ့နောက်ကွယ်က ဘယ်သူ
ဆိုတာထက် ငါ့ဘက်လှည့်မလာအောင် ပြင်
ဆင်ထားမှဖြစ်မယ်..Top Hyung ပြောပုံအရ
ဆိုရင် တရားခံက ငါ ဖြစ်နေသလိုပဲ..ငါ လုပ်ခ့ဲ
တာများလား..မဟုတ်ပါဘူး..ငါမလုပ်ပါဘူး..
ငါ ကိုကို့ကိုအ့ဲလိုလုပ်စရာအကြောင်းမှမရှိတာ
ဘာကိစ္စဖွက်ထားရမှာတ့ဲတုန်း ရူးနေတာလား
ဒီလူကြီးလည်းစိတ်ဖိစီးမှုတွေများပြီးဂေါက်များ
ဂေါက်နေပြီလား မသိပါဘူး..