Part 44

461 23 1
                                        

Monster In Me
Part 44

မင်းကို ငါ လည်းမလိုချင်ဘူး..သူများကိုလည်း
မပေးနိုင်ဘူး..Seungri..ဒါပေမယ့် ငါ မင်းကို
ချစ်နေတယ်ထင်ပါရဲ့..ဘယ်လိုပြောရမလဲ..
မင်းကိုပျော်စေချင်တယ် မင်းပျော်နေတာပဲမြင်
တယ် Seungri..ငါ မပိုင်ရလည်းပေါ့..မင်းက
ငါ့အတွက်မဟုတ်မှန်း ငါသိခဲ့ပေမယ့်လည်း..

လွန်ခဲ့သော ၃ နှစ်...

Dong YongBae ရုံးခန်းထဲကိုဝင်လိုက်တော့
သူ့ရုံးခန်းက ပစ္စည်းတွေအကုန်ပြောင်သလင်း
ခါနေပြီ..ဘာမှလည်းမရှိတော့ဘူး..

~ ဟင်..ဘာဖြစ်တာလဲ..ငါ့ ရုံးခန်းက ဘာဖြစ်
သွားရပြန်တာလဲ..

" မန်နေဂျာချုပ်...မန်နေဂျာချုပ်..."

သူ့လက်ထောက်က သူ့ကို အော်ခေါ်နေရင်း
အနားကိုရောက်လာတယ်..

" အင်း..ငါ့ရုံးခန်းကဘာဖြစ်သွားတာတဲ့တုန်း "

" ကျွန်မလည်း မသိဘူး..ရုံးခန်းကိုအပေါ်ထပ်
ရွေ့ထားတယ်တဲ့..ရုံးခန်းကတကယ့်အပျံစားပဲ
ခုနကပဲသွားကြည့်ခဲ့လိုက်ပြီ မန်နေဂျာချုပ်မသိ
မှာစိုးလို့ လာခေါ်တာ "

" ရုံးခန်းကဘာလို့ရွေ့တာလဲ..ရုတ်တရတ်ကြီး
ရာထူးတိုးတာလည်းမဟုတ်ပါပဲနဲ့ "

" ကျွန်မ ကြားတာကတော့ ဝန်ထမ်းအသစ်
တယောက်လာမယ်တဲ့..ပြီးတော့ ရုံးခန်းထဲမှာ
စားပွဲတွေလည်းအများကြီး ကျွန်မတို့ဌာနတခု
လုံး အကုန်ရွေ့ရတာ.."

" ဟုတ်လား..အရင်ဆုံးသွားကြည့်တာပေါ့ "

YongBae စဉ်းစားနေလိုက်တယ်..သူဌေးက
သူ့ကို အစည်းအဝေးတွေမှာ မကြာခဏချီးကျူး
ပြီး သူ့လုပ်ရည်ကိုင်ရည်ကိုသဘောကျခဲ့တာ..
သိပ်မကြာသေးခင်က ရာထူးတိုးပေးတဲ့အပြင်
ရုံးခန်းတခုကိုပါ သီးသန့်ပေးခဲ့လို့ သူများတွေ
မနာလိုတာတောင်ခံခဲ့ရသေးတယ် အခုရုံးခန်း
ကိုပြန်သိမ်းပြီး ဝန်ထမ်းအသစ် ရုံးခန်းအသစ်
ဆိုတော့ဘာတွေတုန်း ပြီးတော့ သူတို့ကုမ္ပဏီ
ထိပ်တန်းရာထူးတွေရဲ့ရုံးခန်းတွေက အကုန်
အပေါ်ထပ်တွေမှာရှိတာဆိုတော့လေ...

~ အပေါ်ထပ်ကိုရွေ့ရတယ်ဆိုတော့ တော်ရုံ
တော့မဟုတ်ဘူး..တခုခုပဲ..

Monster In Me (Completed)Where stories live. Discover now