Monster In Me
Part 41" ဘယ်သူလဲ..ကိုကို့ကိုဘယ်သူဖွက်ထားတာ
လဲဟင်.."Top က ချက်ချင်းမဖြေပဲစဉ်းစားနေတဲ့ပုံနဲ့ခဏ
တိတ်သွားတယ်..Seungri ဂဏှာမငြိမ်တော့
လှုပ်လှုပ်ရှားရှားဖြစ်လာတယ်နှလုံးခုန်သံတွေ
မြန်လာပြီး Top ပါးစပ်က ပြောထွက်လာမယ့်
နာမည်ကိုနားစွင့်နေတာပေါ့.." မင်းရော အဲ့လိုထင်မိတဲ့သူရှိလား "
" ကျွန်တော်လား..ကျွန်တော် စဉ်းစားကြည့်မိ
သလောက်တော့ Hyung ကိုဖွက်ထားရမယ့်
အကြောင်းအရင်းရှိတဲ့သူဆိုလို့ ဟိုကောင်ပဲရှိ
တာပဲလေ..တခြားသူမှမရှိတာပဲဟာကို "" သေချာစဉ်းစားပါဦးကွာ..Jiyongကို ပြန်ပေး
ဆွဲတာလည်းမဟုတ်..ရန်ငြိုးတွေနဲ့သတ်ပစ်ရ
လောက်စရာလူလည်းမရှိပါပဲနဲ့ ဘာလို့အကြာ
ကြီးပျောက်နေတာလဲ.."" ကျွန်တော် ပြောပြီးသားပဲ..Kim Jin Woo
က တခါကလည်း ညကြီးမိုးချုပ် ကိုကို့ကိုလှမ်း
ခေါ်ဖူးသေးတယ်..ကိုကို ပြန်လာလို့သာပေါ့..
မဟုတ်ရင်ခေါ်များထားမလို့လားပဲ သူအတင်း
ဖွက်ထားတာမဟုတ်ရင် ကိုကို..ကိုကိုကပါ
အလိုတူအလိုပါထွက်ပြေးတာအပြင်မရှိဘူး
ခုနကလည်း ရဲအရာရှိပြောတာ Hyung ကြား
သားပဲ မတွေ့စေချင်လို့ပုန်းနေရင် သူတို့လည်း
ဘာမှမတတ်နိုင်ဘူးတဲ့ "" မင်းကJin Woo ခေါ်သွားတာလို့ပြောတယ်
နော် ဟုတ်ပြီ..အကြောင်းအရင်းက Jin Woo
က Jiyong ကိုချစ်နေလို့ ပိုင်ဆိုင်ချင်လို့..ဖွက်
ထားတယ်ပေါ့..ကောင်းပြီလေ..ဒါဆို ငါမေးပါ
ဦးမယ်..Jiyong ကို ချစ်ပြီးပိုင်ဆိုင်ချင်တဲ့စိတ်
ကြောင့်သာဆိုရင် မင်းရောမဖြစ်နိုင်ဘူးလား "" ဗျာ..Top...Top Hyung ဘာ..ဘာပြောချင်
တာလဲ..ခင်ဗျား ဘာပြောလိုက်တာလဲ..အခု
ကျွန်တော်က သူတို့နှစ်ယောက်ကို အတူတူ
ဖွက်ထားတယ်လို့ ပြောချင်တာလား "" သိပ်ကိုအကွက်စေ့လွန်းတယ်..ရဲတွေရယ်
Jiyong မိသားစုအပါအဝင် တခြားလူတွေက
Jiyong ပျောက်သွားရတဲ့အကြောင်းရင်းကို
ဘယ်ရိပ်မိပါ့မလဲ အေးလေ..ငါတောင်အစက
သတိမထားခဲ့မိဘူး..မင်း Jiyong အပေါ်ထား
တဲ့တယူသန်အတ္တတွေနဲ့ အစွန်းရောက်နေတဲ့
သဝန်တိုမှုတွေကိုသူတို့မှမသိတာ..ငါကလွဲပြီး
ဘယ်သူကရောသိဦးမှာတဲ့လဲ..မင်းက အနေ
အထိုင် သိပ်ပိရိတာကိုး "