Monster In Me
Part 19" Ya..Kwon Jiyong..ခုနကငါနင့်ကိုဖုန်းခေါ်
နေတာ..ဘာကိစ္စ ငါ့ဖုန်းကို မကိုင်တာတုန်း "Dara က Jiyongယူလာတ့ဲလက်ဆောင်တွေ
ကို တခုပြီး တခုထုတ်ကြည့်ပြီး ပြောတော့..
Jiyong မျက်နှာက ပုပ်သိုးသိုးဖြစ်သွားတယ်..ဖုန်းကိုမကြည့်မိသေးတာနဲ့ ဘယ်သူခေါ်မှန်း
မသိနေတာ..Dara ပြောမှပဲ မှတ်မိသွားပြီး..~ သြော်...ခုနက သာသနာဖျက်က နင်ကိုး..
ဟွင့်..ချီးထုပ်မ..Seungri ခေါင်းငုံ့ပြီးပြုံးလိုက်တာကို Jiyong
မြင်လိုက်တော့မှ Dara ကို မကြည်မလင်ဖြစ်
နေတ့ဲစိတ်တွေ ကြက်ပျောက်ငှက်ပျောက်လွှင့်
ထွက်သွားတော့တယ်..ဒါပေမယ့်.." Dara..အချိန်မဟုတ် အခါမဟုတ် ဖုန်းဆက်
တာမကောင်းဘူး..နင့်ဖုန်းသံကြောင့် တဖက်
လူအနှောင့်အယှက်ဖြစ်သွားရင် ဘယ်လိုလုပ်
မလဲ "" နေ့လည်ကြောင်တောင် ကိုယ့်မောင်ဆီကို
ဖုန်းဆက်တာ ဘာမကောင်းတာလဲ..ဘာကို
အနှောင့်အယှက်ဖြစ်ရမှာလဲ..နင်ကတော့ နာ
တော့မယ်..နေစမ်းပါဦး..နင်က ဘာတွေများ
မဟုတ်တာလုပ်နေလို့ ဒီစကားပြောတာလဲ "Dara မေးလိုက်တာတွေက တကယ်ပဲ ထိရှ
သွားတာမို့ Jiyong မှာ ပျာပျာသလဲပဲ.." ငါက ဘာမဟုတ်တာလုပ်ရမှာလဲ.."
" မသိဘူးလေ..နင်ပဲပြောပြီးတော့..ကြောင်
တောင်တောင်နဲ့.."" အံမာ..အ့ဲဒါဆို ငါ ဝယ်လာတာတွေ မယူနဲ့
ပြန်ပေး.."" ပေးပါဘူး..ငါ့အတွက်ဝယ်လာတာငါပဲယူမှာ
ဟိဟိ..Jiyong နင်တကယ်ဝယ်တတ်တယ် "" ငါက ပစ္စည်းကောင်းသိတယ်..နင့်လိုမဟုတ်
ဘူး..ဒါနဲ့ Omma ရော.."" Omma က သိပ်နေမကောင်းလို့ အခန်းထဲ
မှာ နားနေတယ်.."" အင်း..ငါ ခဏသွားလိုက်ဦးမယ် "
Jiyong က ပစ္စည်းတွေယူပြီး အပေါ်ထပ်ကို
တက်သွားပြီး သူ့အမေအခန်းကိုတံခါးခေါက်
လိုက်တယ်..တံခါးရွက်ပွင့်လာပြီး.." သြော်..Jiyong လာလည်တာလား "
" ဒီမှာ Omma အတွက် ကျွန်တော်ဝယ်လာ
ခ့ဲတာတွေ.."