Monster In Me
Part 6Seungri တယောက် တွေးရင်း တွေးရင်းနဲ့
ခေါင်းတွေပူလာတယ်..သူ သေသေချာချာမြင်
လိုက်တယ် သေသေချာချာကြားလိုက်တာမို့
လုံးဝမလွဲနိုင်ဘူး..~ ဧကန္တ Jiyong ငါ့ကိုများ ကြိုက်နေတာလား
မဖြစ်နိုင်ပါဘူး..သူ့ကိုကြည့်ရတာ ယောကျာ်း
ချင်းကြိုက်မယ့်ပုံလည်းမပျော်ပါဘူး..ကလေး
အချင်းချင်းမို့သူငယ်ချင်းလိုတွယ်တာလွန်းတာ
လည်း ဖြစ်ချင်ဖြစ်မှာပေါ့ အရမ်းခင်ရတဲ့
သူငယ်ချင်းပျောက်သွားလို့ စိတ်ထဲတမ်းတမိ
လည်း ဟုတ်ရင်ဟုတ်မှာပေါ့ ပြီးတော့..တခြား
တယောက်ယောက်ကိုလည်း ညီမလေးလို့
ခေါ်ချင်ခေါ်မှာပေါ့..Ya Lee Seungri ခေါင်း
ထဲကနေ မဟုတ်က ဟုတ်ကအတွေးတွေကို
ထုတ်ပစ်လိုက်စမ်း.." Seungri တကယ်ပဲ Noona တို့ကိုမမှတ်မိ
တာလားဟင် "" ဟုတ်..ကျွန်တော် မမှတ်မိဘူး "
" Seungriရယ်နင်ပျောက်သွားတော့ Jiyong
ဆို ရူးမတတ်ပဲ..Noona လည်း ငိုလိုက်ရတာ
ငါတို့ နင့်ကိုလေ နေရာစုံအောင်လိုက်ရှာကြ
တာ သိလား.."" ဟုတ်.. "
" Aigoo..ငါတို့ ညီမလေးက ဒီအရွယ်တောင်
ရောက်လာပြီပဲ..သွားတက်ကလေးတွေနဲ့..
ဒီဆံပင်ဘုတ်သိုက်ကြီးတော့ညှပ်လိုက်ပါအေ
ကြည့်မကောင်းဘူး "" ဟုတ်ကဲ့ပါ..ဟို..Dara Noona.."
" ရပါတယ်..Noona လို့ပဲခေါ်ပါ "
" ဟုတ်..Noona ကျွန်တော်တို့ ၃ ယောက်
အပြင် တခြားသူငယ်ချင်းတွေရောရှိလား "" တခြားသူငယ်ချင်းတွေ...အင်း...ကျောင်းမှာ
တုန်းကတော့ရှိတယ်လေ..ကျောင်းတုန်းက
Seungriကအငယ်ဆုံးဆိုတော့နင်အနိုင်ကျင့်
ရမှာစိုးလို့ဆိုပြီး Jiyongကနင့်အတန်းကိုခဏ
ခဏ သွားတာ..အဲ့တုန်းက နင်နဲ့အမြဲပေါင်းတဲ့
သူငယ်ချင်းတယောက်ရှိတယ်..ဘာပါလိမ့် အဲ့
ကောင်လေးနာမည်က..."Dara နဲ့ Seungri စကားအပြန်အလှန်ပြော
နေတာကို တချိန်လုံးပဲစိုက်ကြည့်နေပြီး ဘာမှ
ဝင်မပြောတဲ့ Jiyong က.." Daesung.."
" အင်း..ဟုတ်တယ် Daesung..Jiyong နင်
က မှတ်မိသားပဲ..အဲ့ Daesung က ငါတို့
တက္ကသိုလ်မှာပဲမလား..Jiyong "
