Part 8

459 36 0
                                        

Monster In Me
Part 8

ကားမောင်းနေတဲ့တလျှောက်လုံး Jiyong
မျက်နှာထားတင်းနေပြီး စကားတခွန်းမှမပြော
တော့ဘူး..သူတို့အိမ်ရောက်တော့..Dara က
ပြေးထွက်လာပြီး Seungriကိုဖက်ထားတယ်

" ငါ့ညီမလေး လာပြီ "

" Dara..." Jiyong အော်လိုက်တဲ့အသံက
တအိမ်လုံးကို တုန်ခါစေလိုက်တဲ့အတိုင်း..

" ဟဲ့ ဘာလို့ အဲ့လောက်အော်နေရတာလဲ "

" သူ့ကို အဲ့လိုမခေါ်ပါနဲ့လို့ ပြောတယ်လေ "

" ငါက နှုတ်ကျိုးနေလို့ပါ..အလကားနေရင်း
ဒေါသတွေထွက်နေတာ နင်က..မျက်နှာကြီး
ကလည်း လေဖြတ်နေတာလား.."

" Kwon Dara.."

" အေးပါ..နင်နဲ့မပြောတော့ဘူး..လာ သွားစို့
Seungri ငါ့အခန်းထဲလိုက်ခဲ့ "

Daraက Seungri ကို လက်ဆွဲခေါ်သွားတာ
မို့ Jiyong မှာ မျက်ကလူးဆန်ပြာနဲ့..

" ဘယ်ကိုခေါ်နေတာလဲ "

" ငါ့အခန်းထဲကိုပေါ့ "

" Dara သူက ယောကျာ်းလေးလေ..နင်အဲ့လို
ခေါ်စရာလား..သူများတွေသိသွားရင် နင်ပဲ
သိက္ခာကျမှာသူစိမ်းယောကျာ်းလေးကို အခန်း
ထဲ ခေါ်တာ နင်မရှက်ဘူးလား "

Jiyong ပြောနေရင်းနဲ့ပဲ မျက်နှာတွေနီရဲလာ
တယ်..လေသံကလည်း မာလို့..

" Jiyong..ငါတို့ကမောင်နှမတွေပဲလေ..ဘာ
လို့ အရမ်းအော်နေတာလဲ..Seungriကို ငါက
ငယ်ငယ်လေးကတည်းက ကိုယ့်ညီိမ..အဲ့..
ကိုယ့်မောင်လေးလို သဘောထားတာပဲကို "

" ဘာမောင်လေးလဲ..သူနဲ့ ငါတို့နဲ့ ဘာသွေး
သားမှမစပ်တာ နင်အဲ့လိုတွေပြောပြောနေလို့
Omma က စိတ်တိုနေရတာ..နင့်ကြောင့် "

Jiyong တို့မောင်နှမ ဘာလို့အတူတူမနေကြ
တာလဲဆိုတာ Seungriနားလည်သွားသလိုပဲ
အမြဲတမ်းရန်ဖြစ်နေကြတာကိုး..Dara က
လည်း တစက်ကလေးမှအပြောမခံဘူး..

" ငါနဲ့ဘာဆိုင်လဲ..အဲ့ဒါ Appa ကြောင့် "

" နင် ပါးစပ်ပိတ်ထားတော့ Dara.."

" နင်သာ အကုန်သိအကုန်တတ်ပုံစံလာလုပ်
မနေနဲ့..နင်လည်း အရင်က Seungri ကို
ဘယ်လောက်ချစ်လဲ ငါသိတာပဲ..အခုမှ ဘာ
လို့ သူစိမ်းတွေလိုလာလုပ်နေတာလဲ "

Monster In Me (Completed)Where stories live. Discover now