Monster In Me
Part 36မှောင်မည်းနေတ့ဲအခန်းကျဉ်းလေးထဲမှာထိုင်
ငိုနေမိတယ်..ဒီအခန်းထဲကလွတ်မြောက်ပါရ
စေ..သွားပါရစေ...စိတ်လိုလက်ရ နံရံတွေကို
ကုပ်ခြစ်မိနေတယ်..ငိုသံတွေကြားတယ်..
Seungriငိုနေတယ်..မကြားချင်ဘူး...မကြားချင်ဘူး..လက်သည်းတွေလှန်သွားတ့ဲအထိ ကုပ်ခြစ်နေခ့ဲမိ်တယ်..နာကျင်မှုတွေရပ်လို့ရပ်
ငြား..ခန္ဓာကိုယ်ကနာကျင်မှုမဟုတ်ဘူး..
Seungri ထွက်ပြေးသွားပြီး သူ့အနားမှာမရှိ
တော့ဘူးဆိုတ့ဲ အသိကြောင့် ရင်ထဲက
ှနာကျျင်မှု...စူးတက်နေအောင် နာတယ်..ဒီအခန်းထဲမှာ နေရတာအသက်ရှုကျပ်တယ်..
ဒါပေမယ့် သူ ထွက်မသွားချင်ဘူး..ဘာလို့လဲ
ဆိုတော့..ဒီအခန်းထဲမှာ Seungri ရဲ့အငွေ့
အသက်လေးတွေ..ကိုယ်သင်းရန့ံလေးတွေ..
ပြီးတော့..ပြီးတော့ ငိုသံတွေ..ဟုတ်တယ်..ဒီ
အခန်းထဲမှာ Seungri ငိုခ့ဲတာမို့..ဒီအခန်းထဲ
ကနေ Seungri ထွက်ပြေးခ့ဲတာမို့..ဒီလိုဖြစ်ရတာ သူ့ကြောင့်..သူ Seungri ကို
ဇွတ်အတင်းခေါ်ထားခ့ဲမိလို့..အကုန်လုံးကသူ့
အပြစ်တွေလို့တွေးနေရင်း ဒူးလေးပိုက်ပြီး ငြိမ်
ငြိမ်လေးထိုင်ငိုနေမိတယ်..Seungriလည်း ဒီ
မှောင်မှောင်မည်းမည်းအခန်းကြီးထဲမှာအရမ်း
ကြောက်နေခ့ဲရှာမှာလို့တွေးနေတုန်း အပြင်က
နေ တံခါးကို တဒုန်းဒုန်းထုတ့ဲအသံတွေကြား
လိုက်ရတယ်..~ ညီမလေး..ပြန်လာပြီလား..
" သား..Jiyong..တံခါးဖွင့်စမ်း..Omma ပြော
နေတာကြားလား "~ ဟာ..ညီမလေးလည်းမဟုတ်ဘူး ညီမလေး
အခု ကိုကို ထမင်းလည်းမစားဘူး..ရေလည်း
မသောက်ဘူး..ညီမလေး ပြန်လာမှာကိုစောင့်
နေတယ်သိလား ကိုကိုမှားပါတယ်..တကယ်
တောင်းပန်ပါတယ်..ပြန်လာခ့ဲပါ ညီမလေး.."တံခါးတခြမ်းလုံးပွင့်ထွက်သွားတယ်..Omma
ကအထဲဝင်ပြီးဇွတ်အတင်းဆွဲထုတ်နေတာကို
အတင်းရုန်းလိုက်မိရင်း.." ညီမလေးကိုပြန်ခေါ်ပေး..သား မှားပါတယ်..
သား သူ့ကိုတောင်းပန်ရဦးမယ်..ညီမလေးကို
ခေါ်ပေး..ညီမလေး...ညီမလေး..."ဝုန်းကနဲ..ငုတ်တုတ်ထထိုင်မိလိုက်တယ်..
အိမ်မက်မက်ခ့ဲတယ်ဆိုပေမယ့် ဒါအိမ်မက်
အစစ်မဟုတ်ဘူး..သူ့အတိတ်ဖြစ်ရပ်မှန်လေ..
Seungri ထွက်သွားပြီးတော့ ဖြစ်ပျက်ခ့ဲရတ့ဲ
Jiyong ရဲ့အဖြစ်ဆိုးတွေ..မမှတ်မိချင်တော့တ့ဲနေ့ရက်တွေကိုပြန်သတိရလာမိနေတာပါလား