Part 17 (U)

258 24 0
                                    

Monster In Me
Part 17

Jiyong သူ့အခန်းထဲမှာ နားနေတုန်း..
အခန်းတံခါးကို ဆောင့်ဖွင့်ပြီး Seungri ဝင်
လာတယ်..စိတ်တိုနေတာကတော့ ကြည့်ရုံနဲ့
သိသိသာသာပါပဲ..

" Hyung..ဘာလို့ ပြန်လာခိုင်းတာလဲ..ဟိုမှာ
တနေကုန်နေပေးမယ်လို့ Daesung ကိုပြော
ထားတာ..အခု အားနာစရာတွေဖြစ်ကုန်ပြီ "

" ဘယ်လိုဖြစ်လို့ အော်ကျယ်အော်ကျယ် လုပ်
နေတာလဲ.."

" ကျွန်တော် မနက်ကတည်းက တနေကုန်နေ
မယ်လို့ပြောထားတာကို ဦးကိုလည်းသေသေ
ချာချာခွင့်တောင်းပြီးသား အ့ဲဒါကို Hyung က
ဘာကိစ္စပြန်လာခိုင်းတာလဲ "

" အရင်ကတော့ Appa က မင်းအတွက် စီမံ
ပေးပေမယ့်..အခု ငါပြန်ရောက်လာပြီဆိုတော့
မင်းကိစ္စမှန်သမျှကို ငါပဲဆုံးဖြတ်မယ် "

" ရမလား..ငါ့မှာလည်း ငါ့ကိစ္စနဲ့ ငါ ရှိတယ်.."

Seungri ဒေါသတွေက ငယ်ထိပ်ကိုရောက်
နေပြီမို့ မင်းနဲ့ငါတွေ ဖြစ်ကုန်ပြီ..Jiyong က
တော့ Seungri ရဲ့ဒေါသတွေကို မသိလိုက်
မသိဘာသာလုပ်နေပြီး လေသံအေးအေးနဲ့ပဲ..

" အရင်က မင်းဘာသာ ဘယ်လိုနေနေ အခု
ငါ ပြန်ရောက်လာပြီပဲ..ငါ့ အနားမှာပဲနေ "

" ဘာပြောလိုက်တယ်..မင်း အနားမှာပဲနေ..
ဟုတ်လား..အရင်ထွက်သွားတာ ဘယ်သူလဲ
မင်းဘာသာမင်း သိပ်တော်ချင် တတ်ချင်လို့ ငါ့
ကိုခွဲပြီး ထွက်သွားတာလေ..ခဏလေးလည်း
မဟုတ်ဘူး..မင်းမရှိပဲ ငါ ဒီမှာ ဘယ်လောက်
မျက်နှာငယ်ငယ်နဲ့နေရခ့ဲရတယ်ဆိုတာမင်းသိ
လို့လား "

" ငါကရော သွားချင်လို့သွားတယ်များထင်နေ
လို့လား..ငါ တခြားကိုသွားနေတာ မကြိုက်ရင်
လည်း အစကတည်းက မသွားနဲ့လို့တားလေ
ဘာကိစ္စ မြုံနေတာလဲ "

" ငါ ခိုင်းတိုင်း လုပ်ရအောင် မင်းမှာဦးနှောက်
မရှိဘူးလား..ငါက ငါ့ပါးစပ်က ဖွင့်ပြောမှလုပ်
ပေးတာကို ကျေနပ်နေမယ့်ကောင်များထင်လို့
လား "

" ငါကလည်း မင်းမပြောရင် သိမလား..မင်း
ပါးစပ်က မသွားနဲ့လို့သာ ပြောရင် ဘယ်သွား
ပါ့မလဲ "

" မင်းကို တားလို့ရတ့ဲ အဆင့်မဟုတ်လို့ပေါ့ "

" နေစမ်းပါဦး..ဘာလို့ ပြီးပြီးသားတွေကို ပြန်
ပြောနေတာလဲ..ငါ ဒီကိုတောင်ပြန်ရောက်နေ
ပြီပဲ..ငါ ပို့တ့ဲစာတွေကျ တစက်မှအဖက်မလုပ်
ပဲ ဘာလို့ ခုကျမှ ရန်ထောင်နေရတာတုန်း "

Monster In Me (Completed)Where stories live. Discover now